နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ရာထူးတိုး/ပြောင်းအမိန့်စာ( ၂၀၂၁)
အသိပေးကြေညာချက် (၁၉-၁-၂၀၂၁)
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများနှင့်ဌာနမှ အောက်ဖော်ပြပါ Link ရှိ တွဲဖက်ပါမောက္ခ၊ဒုတိယညွှန်ကြားရေးမှူး/ဌာနမှူး(စီမံ/ဘဏ္ဍာ) (လစာနှုန်း ကျပ် ၃၄၁၀၀၀-၄၀၀၀-၃၆၁၀၀၀)များအား လစ်လပ်လျက်ရှိသော ဒုတိယကျောင်းအုပ်ကြီး(GTC/GTI)၊ ညွှန်ကြားရေးမှူး(မော်တော်ယာဉ်နည်းပညာသုတေသနဌာန)(လစာနှုန်း ကျပ် ၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀) ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေး ကျောင်းအုပ်ကြီး(GTHS)/ဒုတိယကျောင်းအုပ်ကြီး(GTC/GTI)အဖြစ် တိုးမြှင့်ခန့်ထားခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ (SOP)နှင့် စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ စံသတ်မှတ်ချက်များအနက် သင်ကြားရေးတာဝန်(၃)နှစ်နှင့်အထက် တာဝန်ထမ်းဆောင်ဖူးသူ၊ စုစုပေါင်းလုပ်သက်(၁၅)နှစ်နှင့်အထက်ရှိသူနှင့် အနည်းဆုံးအင်ဂျင်နီယာဆိုင်ရာ မဟာဘွဲ့ရရှိသူ၊ ရေးဖြေ (English+ICT)ရမှတ် (၅၀)မှတ်နှင့်အထက်ရရှိသူများအား စိစစ်၍ ရေးဖြေနှင့်လုပ်သက်ရမှတ်စုစုပေါင်း တူနေပါက Presentation ရမှတ်ဖြင့် ဆုံးဖြတ်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ဒုတိယကျောင်းအုပ်ကြီး(GTC/GTI)နှင့် ညွှန်ကြားရေးမှူး(မော်တော်ယာဉ်နည်းပညာသုတေသနဌာန)အဆင့် လစ်လပ်စာရင်း
တိုးမြင့်ခန့်ထားတာဝန်ထမ်းဆောင်ခြင်းအတွက် စံသတ်မှတ်ချက်များ
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန
ကြေငြာချက်များ
နောက်ဆုံးရ သတင်းများ
နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ရာထူးတိုး/ပြောင်း အမိန့်စာများ(၂၀၂၀)
ဝန်ကြီးဌာနများမှ ဖွင့်လှစ် သင်ကြားတော့မည့် သင်တန်းများ
သင်တန်းကျောင်းများ
သတင်းများ ရယူရန် စာရင်းသွင်းလိုက်ပါ
TVET Myanmar website ၏ သတင်း၊ ကြေငြာချက်များ နှင့် လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် စာရင်းပေးသွင်းထားခဲ့လိုက်ပါ။