Share this

img.share-image

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပညာရေးဝန်ကြီးဌာန

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ အစိုးရနည်းပညာကောလိပ် များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများ၊ သင်တန်းဌာနများနှင့် သင်တန်းကျောင်းများအတွက် လိုအပ်သော သင်ကြားရေးသုံး သင်ထောက်ကူစက်ပစ္စည်းများ၊ ရုံးသုံး စက်ကိရိယာများနှင့် ရုံးသုံးပရိဘောဂများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါကြောင်း ဖိတ်ခေါ်အပ် ပါသည်။

၂။ Open Tender ပုံစံများကို (၂၅-၁၁-၂၀၂၀) ရက်နေ့မှစ၍ ရုံးချိန်အတွင်း အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) တို့တွင် တစ်စုံလျှင် ကျပ် (၁၀၀၀၀/-) နှုန်းဖြင့် ဝယ်ယူနိုင်ပြီး (၂၄-၁၂-၂၀၂၀) ရက်နေ့ ညနေ(၄:၀၀)နာရီ နောက်ဆုံးထား၍ Tender ပုံစံဝယ်ယူခဲ့သော ကျောင်းသို့ တင်ဒါများတင်သွင်းရမည်ဖြစ်ပါသည်။

၃။ အဆိုပါ သင်ကြားရေးသုံး သင်ထောက်ကူစက်ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများနှင့် ရုံးသုံး ပရိဘောဂများအား သက်ဆိုင်ရာဌာနနှင့် ကျောင်းများအရောက် ပေးပို့တပ်ဆင်ပေးနိုင်ရမည်။

၄။ Open Tender ပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း-၀၆၇၃-၄၀၄၀၂၀/၀၆၇၃-၄၀၄၃၈၉/၀၆၇၃-၄၀၄၄၅၆ နှင့် တင်ဒါအသေးစိတ်အချက်အလက်များကို ဖော်ပြပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ DTVET TENDER

သင်တန်းများ