posted by: Dr. Kyu Kyu Swe, DTVE
Learning Outcomes တွေမှာဖော်ထုတ်ရာမှာအသုံးပြုနိုင်တဲ့ ကြိယာ (verbs) များကိုအောက်ပါအတိုင်းအမျိုးအစားများခွဲခြားနိုင်ပါတယ်။
(၁) သတင်းအချက်အလက်မှတ်မိမှုစေလိုမှုကိုရည်ရွယ်တဲ့ Learning Outcomes တွေကို
“will be able to” + “define, identify, list, name, recall, repeat, state” စတဲ့ကြိယာများကိုအသုံးပြုဖော်ထုတ်နိုင်ပါတယ်။
(၂) သင်ခန်းစာအပေါ်နားလည်မှု (Understand) ကိုဖော်ထုတ်ရန်ရည်ရွယ်တဲ့ Learning Outcomes တွေကို
“will be able to” + “classify, describe, locate, report, restate, summarize” စတဲ့ကြိယာများကိုအသုံးပြုဖော်ထုတ်နိုင်ပါတယ်။