- နည်းပညာနှင့်သက်မွေးပညာနှီးနှောဖလှယ်ပွဲ (TVET Forum) ဆိုင်ရာအချက်အလက်များ
- ဆက်လက်ဆောင်ရွက်ရမည့် နည်းပညာနှင့်သက်မွေးပညာရေးအစီအစဉ်များအတွက် အခြေခံမူများ
- နည်းပညာနှင့်သက်မွေးပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ မူဝါဒ (အခြေခံမူများ)
- နည်းပညာနှင့်သက်မွေးပညာရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ
- ပညာရေး ဝန်ကြီးဌာန လက်အောက် ရှိအစိုးရနည်းပညာအထက်တန်းကျောင်းများ၏(၂၅-၅-၂၀၁၅ မှ ၁၇-၆- ၂၀၁၅) ရက်နေ့အထိ လက်ခံရရှိသည့် ကျောင်းသားဦးရေစာရင်းနှင့် ၂၀၁၅-၁၆ တိုးတက်မှု နှိုင်းယှဉ်ဇယား
နည်းပညာနှင့်သက်မွေးပညာနှီးနှောဖလှယ်ပွဲ (TVET Forum) ဆိုင်ရာအချက်အလက်များ
TVET Forum ကျင်းပပြုလုပ်မည့် အစီအစဉ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ နည်းပညာနှင့်သက်မွေးပညာ ဦးစီးဌာနမှ
နည်းပညာနှင့်သက်မွေးပညာနှီးနှောဖလှယ်ပွဲ(TVET Forum)
အားအောက်ဖော်ပြပါ အစီအစဉ်အတိုင်းကျင်းပပြုလုပ်မည် ဖြစ်ပါသည်-
ကျင်းပမည့်နေ့ရက် ။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ
ကျင်းပမည့်အချိန် ။ (၀၉းဝဝ) နာရီမှ (၁၆းဝဝ) နာရီအထိ
ကျင်းပမည့်နေရာ ။ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၊ နေပြည်တော်
ရည်ရွယ်ချက်
မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍတွင် သက်မွေးပညာရေးသင်ယူနိုင်သော အခွင့် အလမ်းများ
ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ၏ အရည် အသွေးနှင့် စီမံခန့်ခွဲမှုများအား
ပိုမိုအားကောင်းလာစေရန်အတွက် အစိုးရ၊ ပုဂ္ဂလိက၊ စက်မှုလုပ်ငန်းများ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့်
နိုင်ငံတကာမှ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှီးနှော ဖလှယ်၍ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ
အားရေရှည် တိုးတက် ဖွံ့ဖြိုးစေရန်ဆာင်ရွက်နိုင်မည့် အစီအစဉ်များနှင့် လုပ်ငန်းနည်းလမ်း အဆင့်ဆင့်တို့အား
ချမှတ်နိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါသည်။
ဆွေးနွေးမည့် အကြောင်းအရာများ
နည်းပညာနှင့်သက်မွေးပညာနှီးနှောဖလှယ်ပွဲတွင် နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ၏ သင်ယူနိုင်မှု အခွင့်အလမ်းများ
ဆိုင်ရာကိစ္စရပ်များ၊ နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ၏ အရည်အသွေးနှင့် စီမံ ခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍
လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကသင်တန်းကျောင်းများနှင့်သင်တန်းဌာနများ၏
ဆောင်ရွက်နေမှု အကြောင်း အရာ များအား တင်ပြဆွေးနွေးမည်ဖြစ်ပါသည်။
ရရှိမည့်အကျိုးကျေးဇူးများ
တက်ရောက်လာသောတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ စက်မှုလုပ်ငန်းများမှ လုပ်ငန်းရှင်များ၊
ပုဂ္ဂလိက TVET ကျောင်းများ၊ ပညာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ TVET ကျောင်းများနှင့် TVET နယ်ပယ်နှင့်
ဆက်စပ်ဆောင်ရွက်လုပ်ကိုင်နေသူ များ မှ ဆွေးနွေးမည့်အကြောင်းအရာအလိုက်နယ်ပယ်များတွင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊
စိန်ခေါ်မှုများ၊ ဒေသအလိုက် လိုအပ်ချက်များနှင့် မျှော်မှန်းချက်များ၊ အတူတကွ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများနှင့်
အကြောင်းအရာများအား ရှုထောင့်ပေါင်းစုံ မှ ဆွေးနွေးအကြံပြုတင်ပြနိုင်မည်ဖြစ်ပြီးမြန်မာနိုင်ငံ၏ နည်းပညာနှင့်သက်မွေးပညာ ကဏ္ဍ
စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေရေးအတွက် ဆက်လက်ဆောင်ရွက်ရန် ရှိသောလုပ်ငန်းနည်းလမ်းအဆင့်ဆင့်
ကိုဆွေးနွေးသတ်မှတ်နိုင်မည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ် ပါသည်။
တက်ရောက်ဆွေးနွေးမည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ
နှီးနှောဖလှယ်ပွဲသို့ အောက်ဖော်ပြပါ ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးမည်ဖြစ်ပါသည်-
(က) တိုင်းနှင့်ပြည်နယ်များမှ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ
(ခ) ဝန်ကြီးဌာနများမှ TVET ကိုယ်စားလှယ်များ
(ဂ) DTVET မှ ကိုယ်စားလှယ်များ
(ဃ) TVET sector မှ ကျောင်းအုပ်ကြီးများ
(င) NSSA ကိုယ်စားလှယ်များ
(စ) CESR ကိုယ်စားလှယ်များ
(ဆ) မိတ်ဖက်ကုမ္နဏီများ၊ စက်မှုဇုန်များ၊ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများနှင့် အထူး စီးပွားရေးဇုန်များမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၃၁၄)ဦး
မြန်မာနိုင်ငံအတွင်းနည်းပညာနှင့်သက်မွေးပညာရေးသို့တက်ရောက် လိုသူများ သင်ယူနိုင်သောအခွင့်အလမ်းများတိုးချဲ ့ဆောင်ရွက်မှုဆိုင်ရာဆွေးနွေးခြင်း
ရည်ရွယ်ချက်
တိုင်းရင်းသားများ၊ဆင်းရဲနွမ်းပါးသူများနှင့် မသန်စွမ်းသူများအစရှိသောလူပုဂ္ဂိုလ်အားလုံး၏ နည်း ပညာနှင့် သက်မွေးပညာရေးသို့တက်ရောက်သင်ယူနိုင်သောအခွင့်အလမ်းများတိုးချဲ့ရန်
ဆွေနွေဟောပြောမည့်သူများ
၁။ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
၂။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
၃။ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
၄။မြန်မာပုဂ္ဂလိကနည်းပညာနှင့်သက်မွေးပညာရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦး
အပြန်အလှန်ဆွေနွေးခြင်း (မိနစ် ၂၀ ခန့်)
အဖွဲ့လိုက်ဆွေးနွေးခြင်း (မိနစ် ၆၀ ခန့်)
(အဖွဲ့ ၁၊၂) - နည်းပညာနှင့်သက်မွေးပညာရေးတွင် သင်ယူလေ့လာနိုင်သော နယ်ပယ်သစ်များကိုေ ဖာ်ထုတ်ခြင်း
၁။ သင်၏ဒေသတွင် မည်သည့်စီးပွားရေးလုပ်ငန်းများဖွ့ံဖြိုးအောင်မြင်နေပါသနည်း။
၂။ သင်၏ဒေသတွင် မည်သည့်အသက်မွေးဝမ်းကျောင်း ပညာရပ်များဖွံ့ဖြိုးတိုးတက်ရန် လိုအပ် ပါသနည်း။
၃။ အခွင့်အလမ်းနည်းပါးသူများအတွက် နည်းပညာနှင့် သက်မွေးပညာရေးကိုသင်ယူနိုင်သော အခွင့် အလမ်း များတိုးချဲ့ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကများပူးပေါင်းဆောင်ရွက်မှုကိုမည်သို့မြှင့်တင်မည်နည်း။
၄။ ကျွမ်းကျင်လုပ်သားမွေးထုတ်ပေးနိုင်မှုနှင့် ကျွမ်းကျင်လုပ်သားလိုအပ်မှုတို့ကြားတွင် ပူးပေါင်းကူညီပေး နိုင်ရန် မည်သို့အဖြရှာလုပ်ဆောင်သင့်သနည်း။
၅။ အခြားဆွေးနွေးအကြြံပုချက်များ
(အဖွဲ့ ၃၊၄)နည်းပညာနှင့် သက်မွေးပညာရေးအားဆက်စပ်လုပ်ဆောင်နေသော ဝန်ကြီးဌာန များ၊ ဒေသ တွင်းအစိုးရအဖွဲ့နှင့်
ပုဂ္ဂလိကကဏ္ဍတို့အကြားပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ခြင်း
၁။ဒေသတွင်း လုပ်ငန်းများနှင့် နည်းပညာနှင့် သက်မွေးပညာရေးကျောင်းများအကြား ဆက်သွယ်ဆောင် ရွက် မှုကိုမည်ကဲ့သို့မြှင့်တင်မည်နည်း။
၂။နည်းပညာနှင့် သက်မွေးပညာရေးကိုလုပ်ဆောင်နေသေအစိုးရ၊ ပုဂ္ဂလိကနှင့်အခြားအဖွဲ့အစည်းများ၏ သက်ဆိုင်ရာပုဂ္ဂိုလ်များအကြားမည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်မည်နည်း။
၃။ အခြားဆွေးနွေးအကြြံပုချက်များ
နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ၏ အရည်အသွေးကိုကောင်းမွန် ခိုင်မာအောင်ပြုလုပ်ခြင်း
ရည်ရွယ်ချက်
နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ၏ အရည်အသွေးပိုမိုကောင်းမွန်စေရန်နှင့်လုပ်ငန်းခွင် လိုအပ် ချက် ကိုက်ညီစေရန်
ဆွေးနွေးဟောပြောမည့်သူများ
၁။ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
၂။ စက်မှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦး
၃။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် တစ်ဦး
၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုယ်စားလှယ် တစ်ဦး
၅။ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် တစ်ဦးသို့မဟုတ် ဟိုတယ်သင်တန်းကျောင်းမှ ကိုယ်စားလှယ် တစ်ဦး
အပြန်အလှန်ဆွေးနွေးခြင်း (မိနစ် ၃၀ ခန့်)
ဒုတိယနေ့
အုပ်စု(၁) -
နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ၏ စီမံအုပ်ချုပ်သူများနှင့် ဆရာ၊ဆရာမများ၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ခြင်း
၁။ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ၌ ပါဝင်လုပ်ဆောင်နေသူများတွင် ရှိရမည့် အရည်အသွေး များနှင့် လိုအပ်ချက်များမှာအဘယ်နည်း။
၂။ နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ၌ ပါဝင်လုပ်ဆောင်နေသူများ၏ အရည်အသွေးအာမခံမှု ကိုမည်ကဲ့သို့ တိုင်းတာရမည်နည်း။
၃။ အခြားဆွေးနွေးအကြံပြုချက်များ
အုပ်စု(၂) -
နည်းပညာနှင့်သက်မွေးပညာအရည်အသွေးအဆင့်မီသောသင်တန်းကျောင်းများတည်ထောင်ခြင်း
၁။နည်းပညာနှင့်သက်မွေးပညာအရည်အသွေးအဆင့်မီသောသင်တန်းကျောင်းများတည်ထောင်ခြင်းဖြင့်မည်သည့်အကျိုးကျေးဇူးများရရှိမည်နည်း။
၂။နည်းပညာနှင့်သက်မွေးပညာအရည်အသွေးအဆင့်မီသောသင်တန်းကျောင်းများမှအဓိကဦးစားပေးလုပ်ရမည့် လုပ်ငန်းများမှာအဘယ်နည်း။
၃။ အခြားဆွေးနွေးအကြံပြုချက်များ
အုပ်စု(၃) -
လုပ်သားစျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်မှုအခြေပြုသင်ရိုးညွှန်းတမ်းဖော်ထုတ်ခြင်း
၁။ လုပ်သားစျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်မှုအခြေပြုသင်ရိုးညွှန်းတမ်းဖော်ထုတ် ရာ တွင် မည်သည့်လုပ်ငန်းအဆင့်များဆောင်ရွက်ရမည်နည်း။
၂။ ကျွမ်းကျင်မှုအခြေပြုသင်ရိုးညွှန်းတမ်းအားဖော်ထုတ်ရာတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာ အဖွဲ့ အစည်း များကြားတွင် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည်နည်း။
၃။ အခြားဆွေးနွေးအကြံပြုချက်များ
အုပ်စု(၄) -
နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ၏ အရည်အသွေးထိန်းသိမ်းမှုစနစ် တည်ထောင်ခြင်း
၁။ နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ၏ အရည်အသွေးထိန်းသိမ်းမှုစနစ် တည်ထောင်ရာတွင် မည်သည့် အဆင့်များလုပ်ဆောင်ရန်လိုအပ်သနည်း။
၂။နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ၏ အရည်အသွေးထိန်းသိမ်းမှုစနစ် ခိုင်မာ အားကာင်းအောင် ဆောင်ရွက်ရာတွင် မည်သည့်
လုပ်ဆောင်ချက်များဆောင်ရွက်ရန် လိုအပ်ပါသနည်း။
၃။ အခြားဆွေးနွေးအကြံပြုချက်များ
ဆက်လက်ဆောင်ရွက်ရမည့် နည်းပညာနှင့်သက်မွေးပညာရေးအစီအစဉ်များအတွက် အခြေခံမူများ
•နိုင်ငံတော်၏မူဝါဒ (အခြေခံမူ)နှင့် လိုက်လျောညီ ထွေရှိရန်။
•နိုင်ငံတကာလုပ်ထုံးလုပ်နည်း၊ အတွေ့အကြုံ၊ သင်ခန်းစာများနှင့် လိုက်လျောညီထွေရှိရန်။
•ပြည်ထောင်စု ဝန်ကြီးဌာနများ၏လက်ရှိ အကောင်အထည်ဖော်နေသော မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် လိုက်လျောညီထွေအပြန်အလှန် ပေါင်းစပ် ဆောင်ရွက်နိုင်မှုရှိရန်။
•လက်တွေ့အကောင်အထည်ဖော်ရာ၌လွယ်ကူရှင်းလင်းပြီး အောင် မြင်စွာ အကောင်အထည်ဖော်နိုင်ရန်။
•ရေရှည်စဉ်ဆက်မပြတ် တည်တန့် ဖွံ့ဖြိုးတိုးတက်နိုင်ရန်။
နည်းပညာနှင့်သက်မွေးပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ မူဝါဒ (အခြေခံမူများ)
ပုဒ်မ ၂၂။ နိုင်ငံတော်သည်- (က)တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။
(ခ)တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော
လူမှုစီးပွာရေး တိုးတက်ဖွံ့ ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်။
ပုဒ်မ ၂၈။ နိုင်ငံတော်သည်- (က)ပြည်သူများ၏ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည်။
(ခ)ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဌာန်းဆောင်ရွက်ရမည်။
(ဂ)အခမဲ့ မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည်။ (ဃ)ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး
နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေး စနစ်ဖော်ဆောင်ရမည်။
ပုဒ်မ ၂၉။ နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ ၊အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ရမည်။
ပုဒ်မ ၃၀။ နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးရေးတွက် လိုအပ် သည့် နည်းပညာ၊အရင်းအနှီး၊စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင် ဆုံး ဖြည့်ဆည်းရမည်။
ပုဒ်မ ၃၁။ နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ရမည်။
ပုဒ်မ ၃၃။ နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်။
ပုဒ်မ ၃၆။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေး ဆိုင်ရာမူဝါဒများနှင့်အညီ-
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊
(ခ) ဥပဒေဖြင့်ပြဌာန်းသည့် မသင်မနေရအခြေခံပညာများကိုသင်ကြားရမည်။
(ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့် အနုပညာခေတ်မီတိုးတက်စေရန် တီထွင်ကြံဆဖော်ထုတ်ရေးသားမှုနှင့်
ယဉ်ကျေးမှု ကိစ္စ များတွင် လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည်။
နည်းပညာနှင့်သက်မွေးပညာရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ
• CESR ၏ အကြံပြုထောက်ခံချက်များနှင့်အညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်။
• CESR ထောက်ခံချက်နှင့် အညီ Costed Plan ရေးဆွဲ၍ Planning နှင့် Budgeting တွင် ထည့်သွင်းရန်။
• လိုအပ်သော လုပ်ငန်းအဖွဲ့များကို သက်မွေးပညာရပ်အလိုက် ဖွဲ့စည်း၍ ပုဂ္ဂလိကကဏ္ဍနှင့် ဒေသလိုအပ်ချက်နှင့် အညီ ဆွေးနွေး၍ သင်တန်း/ကျောင်း/သိပ္ပံများ ဖွင့်လှစ်သွားရန်။
• လိုအပ်သော ဆရာမွေးထုတ်ရေးစီမံရန်။
• Curriculum Competency, Skill Certification ချိတ်ဆက် ဆောင်ရွက်သွားရန်။
• အထက်ပါ အချက်များအားအခြေခံ၍ Policy, Strategies , Action Plan များ ညှိနှိုင်းရေးဆွဲ ဆောင်ရွက်သွားရန်။
ပညာရေး ဝန်ကြီးဌာန လက်အောက် ရှိအစိုးရနည်းပညာအထက်တန်းကျောင်းများ၏(၂၅-၅-၂၀၁၅ မှ ၁၇-၆- ၂၀၁၅) ရက်နေ့အထိ လက်ခံရရှိသည့် ကျောင်းသားဦးရေစာရင်းနှင့် ၂၀၁၅-၁၆ တိုးတက်မှု နှိုင်းယှဉ်ဇယား
စဉ် ကျောင်းအမည် ၂၀၁၄-၂၀၁၅ ခု၊ ၂၀၁၅-၂၀၁၆ ခု
1 ပူတာအို ၁၅ ၂၁
2 မြစ်ကြီးနား ၃၄ ၄၂
3 ဗန်းမော် ၅ ၃၀
4 ခန္တီး ၄ ၁၂
5 မင်းတပ် ၃၂ ၂၄
6 ကလေး ၃၀ ၃၈
7 မုံရွာ ၆၅ ၁၃၂
8 ကျောက်ဆည် ၄၂ ၁၀၁
9 ပခုက္ကူ ၆၅ ၁၀၂
10 လားရှိုး ၉ ၃၁
11 ပင်လုံ ၄ ၂၅
12 တောင်ကြီး ၄၇ ၁၂၄
13 ကျိုင်းတုံ ၅ ၅၀
14 မိတ္ထီလာ ၉၃ ၂၂၁
15 လွိုင်ကော် ၁၈ ၂၈၃
16 နေပြည်တော် ၉၀ ၂၀၁
17 မကွေး ၁၀၃ ၂၉၁
18 ပြည် ၆၄ ၁၂၈
19 တောင်ငူ ၈၈ ၂၄၁
20 စစ်တွေ ၁၂ ၆၄
21 ဟင်္သာတ ၇၇ ၁၂၇
22 မအူပင် ၉၄ ၁၁၆
23 ပုသိမ် ၄၁ ၆၂
24 ဘားအံ ၁၇ ၁၂၀
25 မော်လမြိုင် ၃၁ ၁၅၀
26 ထားဝယ် ၃၂ ၃၃
27 မြိတ် ၁၀ ၂၇
28 ပင်းပက် ၂၆ ၆၂
29 မြင်းခြံ ၅၄ ၁၄၀
30 ချောင်းဦး ၁၁ ၄၂
31 ရွာမ ၂၁၅ ၂၃၀
32 လက်ခုပ်ကုန်း ၉ ၃၁
33 တီးတိန် ၅၀ ၅၉
34 မန္တလေး – ၂၂၈
စုစုပေါင်း ၁၄၉၂ ၃၄၈၀