Share this

img.share-image

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစိုင်းကျော်နိုင်ဦး နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ကဏ္ဍအတွက် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး တက်ရောက်

၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ()ရက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် ထိုင်းနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ Office of the Vocational Education Commission (OVEC)၊ ထိုင်းနိုင်ငံ၊ အခြေစိုက် ၊ Agency for Technical Cooperation and Development (ACTED)၊ Adventist Development and Relief Agency Myanmar (ADRA) တို့နှင့် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ ပူးပေါင်း၍ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၉ ၃၀)တွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက်ခဲ့ ပါသည်။

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် ထိုင်းနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ Office of the Vocational Education Commission (OVEC) နှင့် ပူးပေါင်း၍ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ သက်မွေးပညာသင်တန်းကျောင်းများမှ သင်ကြားရေးဆရာ၊ ဆရာမများကို သင်ကြား၊ သင်ယူမှုဆိုင်ရာသင်တန်းများနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် လက်တွေ့ကျွမ်းကျင် မှုဆိုင်ရာသင်တန်းများဖွင့်လှစ်ခဲ့ခြင်း၊ Agency for Technical Cooperation and Development (ACTED)၊ Development and Relief Agency Myanmar (ADRA) တို့ နှင့်ပူးပေါင်း၍ အစိုးရ နည်းပညာအထက်တန်းကျောင်း (လွိုင်ကော်၊ မြိတ်၊ ထားဝယ်၊ ဘားအံ) တို့တွင် ဒေသလိုအပ် ချက်နှင့်ကိုက်ညီသော နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကျွမ်းကျင်မှု အခြေပြု ကာလတို သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အဆိုပါ အဖွဲ့အစည်းများမှ အစိုးရနည်းပညာအထက်တန်းကျောင်း (မြိတ် ထားဝယ်၊ ဘားအံ)တို့တွင် စာသင်ဆောင်များ၊ အလုပ်ရုံများ ဆောက်လုပ်လှူဒါန်းထားပါသည်။

အစည်းအဝေးတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ သက်မွေးပညာသင်တန်းကျောင်းများ ဖြစ်သော အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ၊ လွိုင်ကော်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်) တို့တွင် OVEC ၏ အကူအညီဖြင့် ထိုင်းနိုင်ငံရှိ နည်းပညာ၊ သင်မွေးပညာနှင့်လေ့ကျင့် ရေးကျောင်းများဖြစ်သည့် Colleges in Tak Chaingmai Polytechnic College Maesareang Industrial and Community College Nawamintrachiee Industrial and Communicity College Maehong Son Chiang Rai Industrial and Community Education College Samut Songkhram Technical College Kanchanaburi ရှိ Colleges များ၊ Ratchburi ရှိ Colleges များနှင့် ပူးပေါင်း၍ အစားအသောက်၊ အချက်အပြုတ်နှင့်စပ်လျဉ်းသည့် သင်တန်းများ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ ၊ မော်တော်ဆိုင်ကယ်၊ မိုဘိုင်းဖုန်း စသည်တို့ အတွက် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ စသည့် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဆိုင်ရာ ကာလတိုသင်တန်းများ ပူးပေါင်းဖွင့်လှစ် နိုင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အဆိုပါ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ ယနေ့အစည်းအဝေးသို့ တက်‌ရောက် လာသူများအား နည်းပညာ၊ သက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ပေး ခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီး ဌာနအနေဖြင့် ထိုင်းနိုင်ငံနှင့် နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့ပါကြောင်း၊ ယခုပူးပေါင်းဆောင်ရွက်မှုများသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး အသွင်ဆောင်ကြောင်း နိဂုံးချုပ်အနေဖြင့် ပြောကြားခဲ့ပါသည်။

 

အဆိုပါ အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ‌ဒေါက်တာစိုင်းကျော်နိုင်ဦး နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ Office of the Vocational Education Commission (OVEC)မှ Deputy Director ဖြစ်သူ Mr. Surapol Jiraworadj နှင့် တာဝန်ရှိသူများ၊ ACTED Myanmar မှ Country Director ဖြစ်သူ Ms.Adele Bigot နှင့် တာဝန်ရှိသူများ၊ ADRA Myanmar မှ Country Director ဖြစ်သူ Mr. Stephen Cooper နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံရှိ Chaingmai Polytechnic College Maesareang Industrial and Community College Nawamintrachiee Industrial and Communicity College Maehong Son Chiang Rai Industrial and Community Education College မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သင်တန်းများ