Share this

img.share-image

သြစတြီးယားနိုင်ငံ၊ ပညာရေး၊ သိပ္ပံနှင့်သုတေသနဝန်ကြီးဌာန(BMBWF)မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာသင်ဆုသို့ လျှောက်ထားနိုင်

နေပြည်တော် ဇန်နဝါရီလ ၁၁ ရက်

သြစတြီးယားနိုင်ငံ၊ ပညာရေး၊ သိပ္ပံနှင့်သုတေသနဝန်ကြီးဌာန(BMBWF)မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာသင်ဆုများ လျှောက်ထားနိုင်ကြောင်းနှင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်မှ သတ်မှတ်ချက်နှင့်ပြည့်မီသည့် လျှောက်ထားလိုသူများသည် ပညာသင်ဆုဆိုင်ရာအချက်အလက်များကို www.grants.at (ဂျာမန်နှင့်အင်္ဂလိပ်ဘာသာ)တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး သတ်မှတ်ရက်အမီ လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထား သူများ၏ အမည်၊ ရာထူး၊ ဌာနတို့နှင့် လျှောက်ထားသောလျှောက်လွှာမိတ္တူများအား ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ၊ အီးမေးလ် adminteam@dtve.org ဖုန်း ၀၆၇-၃၄၀၄၄၇၇ သို့ ပေးပို့ပါရန်အကြောင်း ကြားပါသည်။

သင်တန်းများ