Share this

img.share-image

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တရုတ်အစိုးရပညာသင်ဆု လျှောက်ထားနိုင်ခြင်း

နေပြည်တော် ဒီဇင်ဘာ ၃၀ ရက်

တရုတ်အစိုးရအထောက်အပံ့ဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့နှင့် မဟာဘွဲ့ အစီအစဉ်များ လျှောက်ထားနိုင်ပါကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ လုပ်သက်(၂)နှစ်ပြည့်ပြီးသည့် သတ်မှတ်ချက်နှင့် ကိုက်ညီ ပြီး အရည်အချင်း ပြည့်မီသော စိတ်ပါဝင်စားသူ ဝန်ထမ်းများအနေဖြင့် ဝင်ခွင့်လျှောက်လွှာ များ ခေါ်ဆိုမှုကို http://www.csc.edu.cn/studyinchina နှင့် www.campuschina.org website မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုပြီး Program Category - Type A နှင့် Agency Number - 3761 အမျိုးအစားသို့ (၂၉-၁-၂၀၂၁)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားသူများ၏ အမည်၊ ရာထူး၊ ဌာနတို့နှင့်အတူ Application Form တို့အား ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ၊ အီးမေးလ် adminteam@ dtve.org ဖုန်း ၀၆၇၃ ၄၀၄၄၇၇ သို့ ပေးပို့‌ဆောင်ရွက်နိုင်ကြောင်း သိရပါသည်။

သင်တန်းများ