Share this

img.share-image

Future TVET for Industry 4.0 in Myanmar ဆွေးနွေးပွဲအား Virtual Meeting ဖြင့်ကျင်းပ

နေပြည်တော် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၁၂)ရက်

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၉:၃၀)နာရီမှ နေ့လယ် (၁၂း၃၀)နာရီအထိ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရုံးအမှတ် (၂၁)တွင် Virtual Meeting ဖြင့် Future TVET for Industry 4.0 in Myanmar ဆွေးနွေးပွဲ အား ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၊ အစိုးရနည်းပညာအထက်တန်း ကျောင်း/ဌာနများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ Industry နှင့် သက်ဆိုင်သည့် ကုမ္ပဏီမှ တာဝန်ရှိ သူများ၊ စုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ယခုလိုအရေးကြီးတဲ့ Future TVET for Industry 4.0 in Myanmar ဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားခွင့်ရ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ Industrial Revolution အား အဆင့်ဆင့်ပြုပြင် ပြောင်းလဲမှု များပြုလုပ်ခဲ့ရာ ယနေ့ခေတ် Industry 4.0 သည် Digital နည်းပညာကို အားပြုဆောင်ရွက်တာဖြစ်၍ Digital Revolution လို့လည်း သတ်မှတ်ခေါ်ဆိုကြကြောင်း၊ အသေးစိတ်အချက်အလက်အနေဖြင့် OECD ရဲ့ Learning Campus will be 2030 ကို Refer လုပ်လိုပါကြောင်း၊ နည်းပညာဖွံ့ဖြိုးလာသည် နှင့်အမျှ လူသားများ၏ ဆန်းသစ်တီထွင်မှုများကြောင့် Climate Change များဖြစ်လာကြောင်း၊ စီးပွားရေးပြောင်းလဲမှုများနှင့်အတူ Labour Market လဲ ပြောင်းလာပါကြောင်း၊ Internet of Thing (IoT)၊ Robotics၊ Cloud Computing များ အားကောင်းလာ၍ နည်းပညာဖွံ့ဖြိုးတိုးတက်လာ သလောက် Education မလိုက်နိုင်ပါက Social Pain ဖြစ်လာနိုင်ပါကြောင်း၊ အလုပ်အကိုင်ကောင်း ရရှိရန် High Level Skills ရှိမှသာ ရနိုင်ပါကြောင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိမှသာ အလုပ်အကိုင်ကောင်း ရရှိပြီး မိသားစုဝင်ငွေတိုး၍ အနာဂတ်လှပမည်ဖြစ်ပါကြောင်း၊ ပညာသင်ယူခြင်းသည် Learning to Work ဖြစ်ပါကြောင်း၊ အလုပ်အကိုင်ကောင်းကောင်း ရပြီးရင်လည်း ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက် သင်ယူရမှာဖြစ်သဖြင့် Working to Learn သည်လည်း အရေးကြီးကြောင်း၊ ပညာရေးတွင်လည်း တိုင်းရင်းသားဒေသများတွင် သင်ယူခွင့်ရရှိရန်၊ Disadvantage၊ Vulnerable Area များတွင် သင်ယူခွင့်ရှိရန်နှင့် ပညာရည်မြှင့်တင်ရန်တို့ ဖြစ်ကြောင်း၊ No Discrimination ၊ Noone left behind စတဲ့ မူဝါဒများဖြင့် အခြေခံထားပြီး ဆောင်ရွက်နေသဖြင့် ကျောင်းထွက်နှုန်း(၉၀,၀၀၀)လျော့ကျလာ ကြောင်း၊ သင်ယူသူများ အားလုံးကိုလည်း Core Value ဖြစ်တဲ့ Cooperation and Collaboration ၊ Accountability and Responsibility ၊ Innovation and Creation များရရှိအောင် ဆောင်ရွက်ပါ ကြောင်း၊ Digital Age တွင် Computer Technology သည် သင်ယူခြင်း၊ စီးပွားရေးစတဲ့ အားလုံး အပေါ်မှာ အခြေခံထားပါကြောင်း၊ Future Skills မှာ Computer Technology လိုအပ်ပါကြောင်း၊ Flexibility learning ဖြစ်ဖို့လိုကြောင်း၊ Positive Attitude ရှိဖို့လိုပြီး Life long learning လုပ်မှသာ High Level Skills ရှိပြီး ဘဝအာမခံချက် ရရှိမှာဖြစ်ကြောင်း၊ ဒါကြောင့် ဘာကိုပဲလုပ်လုပ် အရေး အကြီးဆုံးသည် Policy and Procedure ချမှတ်ဖို့လိုကြောင်း၊ Skills Training များပို့ချနိုင်ရန် Curriculum ၊ Teaching and Learning Methodology၊ Assessment၊ Apply Research တွေလုပ်ဖို့ လိုပြီး မျှော်မှန်းချက်ပြည့်ဖို့ Credit Transfer System သည် အရေးကြီးပါကြောင်း၊ Quality Assurance လုပ်ဖို့လိုအပ်ပါကြောင်း၊ M&E Report အစီရင်ခံစာအရ လိုအပ်သလိုပြန်လည် ဆောင်ရွက်ရန်လိုကြောင်း၊ မညီမျှမှုတွေ လျော့ကျသွားမှာဖြစ်ပြီး လူတစ်ဦးချင်းစီသို့ ရောက်ရှိအောင် လုပ်ပေးနိုင်မှာဖြစ်ကြောင်း၊ TVET ကဏ္ဍ၏ Owner သည် Private Sector ဖြစ်ပါသဖြင့် မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်ရင် အောင်မြင်မှာဖြစ်ကြောင်း၊ နိဂုံးချုပ်အနေနဲ့ World Bank (၂၀၂၀)၏ World Development Report ရှိ Global Values Change တွင် မိမိတို့နိုင်ငံရှိ လူအများစုသည် ဘယ်နေရာကို ရောက်နေလဲ မှန်မှန်ကန်ကန် သုံးသပ်ပြီး ရှိနေတဲ့ ကိုယ်သုံးလို့ရမယ့် Digital Technology သုံးပြီး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အောင်မြင်မှုရရှိမှာ ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) ၏ ကျောင်း အုပ်ကြီး၊ ဒေါက်တာနေဇာအောင်က Industry 4.0 ဆိုင်ရာများနှင့် ပတ်သက်၍ TVET ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မန်နေဂျာများ၏ ထားရှိရမည့်အမြင် သဘောထားများနှင့် ကြိုတင် ပြင်ဆင်ထားရှိရန်အတွက် ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊ Advantech Myanmar မှ ဦးနိုင်လင်းက Industry 4.0 နှင့် ပတ်သက်၍ TVET ဆရာ၊ ဆရာမများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများ အား ရှင်းလင်းတင်ပြခဲ့ပါကြောင်းနှင့် Technical University of Munich in Asia မှ Senior Executive ဖြစ်သူ Dr.Jesmond Hongမှ Industry 4.0 နှင့် သက်ဆိုင်သည့်အကြောင်းအရာများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

 

ဆက်လက်၍ Panel Discussion တွင် “Balancing Current and Future TVET Skills” ခေါင်းစဉ်ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ကျောင်းအုပ်ကြီး၊ ဒေါက်တာနေမျိုးထွန်း၊ Mandalay Technology မှ ဒေါက်တာဇော်နိုင်၊ Sea Lion ကုမ္ပဏီမှ ဦးဇော်မျိုးသန့်၊ Promise International Academy ကုမ္ပဏီမှ ဦးကောင်းဇံ၊ Siemens Myanmar ကုမ္ပဏီမှ ဦးဇေယျာမြင့်တို့မှ ဆွေးနွေးပြော ကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပါကြောင်းနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ဉာဏ်ဝင်းသန်းမှ နိဂုံးချုပ် အမှာစကားပြောကြား၍ Future TVET for Industry 4.0 in Myanmar ဆွေးနွေးပွဲအား နေ့လယ်(၁၂ ၃၀)နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

 

 

 

 

 

 

သင်တန်းများ