အစိုးရစက်မှုလက်မှုသိပံ္ပ(လပွတ္တာ)
အစိုးရစက်မှုလက်မှုသိပံ္ပ(လပွတ္တာ)
အစိုးရနည်းပညာအထက်တန်းကျောင်း(ြပင်စလူ)အား ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ၁-၆-၂၀၀၉ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုနောက် လပွတ္တာ(၃)မိုင်မြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် တိုးမြှင့်၍ (၁-၄-၂၀၁၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး (၂၅-၁-၂၀၁၆) ရက်နေ့တွင် ပထမနှစ် သင်တန်းများအား စတင်ဖွင့်လှစ်ခဲ့ပါသည်။
အစိုးရစက်မှုလက်မှုသိပံ္ပ(လပွတ္တာ)အား အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် တည်ထောင် ဖွင့်လှစ်ရခြင်းဖြစ်ပါသည်-
(က) ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှ အဆင့်မီသူတိုင်းနှင့် အစိုးရ နည်းပညာအထက်တန်းေကျာင်းအောင်မြင်ပြီးသူများမှ အဆင့်မီသူတိုင်း နည်းပညာနှင့် သက်မွေးပညာရပ်များကို မိမိဒေသအတွင်း၌ပင် လေ့လာသင်ယူနိုင်ရန်။
(ခ) မြန်မာနိုင်ငံ၏ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍတွင် အရည်အချင်းပြည့်ဝ သော ကျွမ်းကျင်သူလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အသိပညာနှင့်ကျွမ်းကျင် မှုပြည့်ဝသော နည်းပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်နှင့် မွေးထုတ်ပေးရန်။
ဖုန်း ရုံး - ၀၉၄၂၈၅၅၄၀၁၄
ကျောင်းသားရေးရာ - ၀၉၇၇၉၈၀၂၆၀၅
ငွေစာရင်း - ၀၉၇၇၉၈၀၂၆၀၆
ဝန်ထမ်းရေးရာ - ၀၉၇၇၉၈၀၂၆၀၇
Email Address: - gtilpa@dtve.org
အမည် - ဒေါက်တာဝတ်ရည်လှိုင်၊ ညွှန်ကြားရေးမှူး၊ (Ph.D - EP)
ပညာသင်နှစ်အလိုက် မွေးထုတ်ပေးခဲ့ပြီးသော ပုံမှန် A.G.T.I Diploma သင်တန်းသား/သူများစာရင်း
စဉ် | ပညာသင်နှစ် | ကျား | မ | စုစုပေါင်း |
၁ | ၂၀၁၇-၂၀၁၈ | ၅၇ | ၄၁ | ၉၈ |
၂ | ၂၀၁၈-၂၀၁၉ | ၉၇ | ၄၂ | ၁၃၉ |
စုစုပေါင်း | ၁၅၄ | ၈၃ | ၂၃၇ |
သင်တန်းအပတ်စဉ်ကာလအလိုက် မွေးထုတ်ပေးခဲ့ပြီးသော ကာလတိုသင်တန်းသား/သူများစာရင်း
စဥ် | ခုနှစ် | ကာလတိုသင်တန်းအမည် | သင်တန်းဆင်းပြီးဦးရေ |
၁ | ၂၀၁၅ | အြေခခံကွန်ပျူတာသင်တန်း | ၅၀ |
၂ | ၂၀၁၆ | အြေခခံကွန်ပျူတာသင်တန်း | ၄၄ |
၃ | ၂၀၁၇ | အြေခခံကွန်ပျူတာသင်တန်း | ၄၈ |
၄ | ၂၀၁၇ | အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း | ၂၈ |
၅ | ၂၀၁၇ | တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ခြင်း | ၃၁ |
၆ | ၂၀၁၇ | Mobilephone (Hardware)ပြုပြင်နည်း | ၁၂ |
အစိုးရစက်မှုလက်မှုသိပံ္ပ(လပွတ္တာ)သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ(၃)မိုင်မြို့ ၊အမှတ်(၄)ရပ်ကွက်၌ တည်ရှိပါသည်။ လပွတ္တာမြို့မှ ၂ မိုင် ၄ဖာလုံခန့်ကွာဝေးပြီးရန်ကုန်- လပွတ္တာလမ်းမကြီး၏ အနောက်ဖက်တွင်တည်ရှိပါသည်။ ဧရိယာအကျယ်အဝန်းမှာ (၅.၆)ဧကရှိပါသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)တွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ ပုံမှန်သင်တန်းများအဖြစ် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ်အင်ဂျင်နီယာဘာသာ ရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်နှင့် စက်မှုအင်ဂျင်နီယာဘာသာရပ်များအား ဖွင့်လှစ်သင်ကြားပို့ချပေးလျှက်ရှိသည့်အပြင် ၂၀၁၅ ခုနှစ်မှ စ၍ ကာလတိုအြေခခံသင်တန်းများ ကိုလည်း သင်ကြားပေးလျက် ရှိပါသည်။
ပုံမှန်သင်တန်းတက်ရောက်လျက်ရှိသောကျောင်းသားကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေး (၃၀၀၀၀) ကျပ်အား လစဉ်ထောက်ပံ့လျက်ရှိပါသည်။
AGTI (၃)နှစ်သင်တန်းအောင်မြင်ပြီးဆုံးပါက Diploma လက်မှတ် ရရှိမည်ဖြစ်ပြီး အနာဂတ်အခွင့်အလမ်းများအဖြစ်-
- မိမိဒေသရှိ အစိုးရဌာနများ၌ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း
- ပုဂ္ဂလိကလုပ်ငန်းများ/ကုမ္ပဏီများ၌ ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း
- မိမိကိုယ်ပိုင်လုပ်ငန်းများတည်ထောင်လုပ်ကိုင်နိုင်ခြင်း
စဥ် | သင်တန်းအမျိုးအစား | သင်တန်းနှစ်၊ သင်တန်းသားဦးရေ | စုစုပေါင်း | ||||||||
ပထမနှစ် | ဒုတိယနှစ် | တတိယနှစ် | |||||||||
ကျား | မ | ေပါင်း | ကျား | မ | ေပါင်း | ကျား | မ | ေပါင်း | |||
၁ | မြို့ပြ | ၃၅ | ၁၉ | ၅၄ | ၃၁ | ၁၂ | ၄၃ | ၁၄ | ၁၄ | ၂၈ | ၁၂၅ |
၂ | အီလက်ထရောနစ် | ၃၂ | ၁၄ | ၄၆ | ၁၉ | ၁၈ | ၃၇ | ၁၂ | ၁၂ | ၂၄ | ၁၀၇ |
၃ | လျှပ်စစ်စွမ်းအား | ၃၆ | ၁၄ | ၅၀ | ၂၃ | ၁၂ | ၃၅ | ၁၃ | ၁၅ | ၂၈ | ၁၁၃ |
၄ | စက်မှု | ၄၉ | - | ၄၉ | ၃၇ | ၃ | ၄၀ | ၂၁ | - | ၂၁ | ၁၁၀ |
စုစုပေါင်း | ၁၅၂ | ၄၇ | ၁၉၉ | ၁၁၀ | ၄၅ | ၁၅၅ | ၆၀ | ၄၁ | ၁၀၁ | ၄၅၅ |
စဥ် | ဘွဲ့အမည် | ဦးရေ | တွဲဖက် | ကထိက | လက်ေထာက် | နည််းပြ | ဓာတ်/ကျွမ်း |
ပါမောက္ခ | ကထိက | ||||||
၁ | M.E | ၁ | ၁ | ||||
၂ | B.E | ၂၁ | ၁ | ၂ | ၅ | ၁၂ | ၁ |
၃ | B. Tech | - | - | - | - | - | - |
၄ | A.G.T.I | ၁ | - | - | - | - | ၁ |
၅ | GTHS | ၃ | - | - | - | - | ၃ |
၆ | M.A/M.Sc./ | ၆ | - | ၁ | ၅ | - | - |
M.C.Sc/MESP | |||||||
၇ | B.A/B.Sc | ၄ | - | - | ၁ | ၃ | - |
စုစုပေါင်း | ၃၆ | ၂ | ၃ | ၁၁ | ၁၅ | ၅ |
နိုင်ငံတကာမှ ခေါ်ယူသည့် အင်ဂျင်နီယာသင်တန်းများနှင့် ပတ်သက်၍ သတ်မှတ် အရည်အချင်းပြည့်မီပါက ဝင်ရောက်ဖြေဆိုနိုင်ခွင့် အခွင့်အလမ်းများစွာရှိပါသည်။