အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)
အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)
အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ (၃၀-၆-၂၀၀၉) ရက်စွဲ ပါစာအမှတ်၊ သပန/၃-၂(၂)၂၀၀၉(၁၁၇၆၈)အရ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် A.G.T.I ပထမနှစ်ကို စတင်သင်ကြား ဖွင့်လှစ်ခဲ့ပါသည်။
(က) ဒေသအတွင်းရှိလူငယ်၊ လူရွယ်တိုင်း နည်းပညာနှင့်သက်မွေးပညာရပ်များကို မိမိဒေသတွင်း၌ပင် လေ့လာသင်ယူနိုင်ရန်၊
(ခ) အရည်အချင်းပြည့်ဝသည့် နည်းပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်
(ဂ) ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနိုင်ရန်
(ဃ) အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်ပြီး၊ အလုပ် အကိုင်အခွင့်အလမ်းသစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်
Ph = ၀၉-၈၉၇၆၅၃၃၇၅
Email = gtikhamti@gmail.com
New Email: gtikti@dtve.org
စဥ် | အမည် | ဘွဲ့ | တာဝန်ထမ်းဆောင်ခဲ့သောခုနှစ် |
၁။ | ဒေါက်တာမန်လုံး | Ph.D (Mining) | (၁.၇.၂၀၀၉) မှ (၅.၂.၂၀၁၁) အထိ |
၂။ | ဦးစိုးမိုးနိုင် | M.E (Mechanical) | (၆.၂.၂၀၁၁) မှ (၁၅.၁၂.၂၀၁၃) အထိ |
၃။ | ဒေါက်တာလင်းလင်းဇော် | Ph.D (Mining) | (၁၆.၁၂.၂၀၁၃) မှ (၁.၅.၂၀၁၈)အထိ |
၄။ | ဒေါက်တာထွန်းကျော်မြင့် |
Ph.D(MC) |
(၁.၅.၂၀၁၈ မှ ယနေ့အထိ) |
မွေးထုတ်ပြီးသော ကျောင်းသား၊ ကျောင်းသူအင်အားစာရင်း (ပုံမှန်သင်တန်း)
စဥ် | ပညာသင်နှစ် | A.G.T.Iဒီပလိုမာ | မှတ်ချက် |
လက်မှတ်ရဦးရေ | |||
၁ | ၂၀၁၀-၂၀၁၁ | ၁၃ | |
၂ | ၂၀၁၁-၂၀၁၂ | ၂၆ | |
၃ | ၂၀၁၂-၂၀၁၃ | ၂၈ | |
၄ | ၂၀၁၅-၂၀၁၆ | ၁၈ | |
၅ | ၂၀၁၆-၂၀၁၇ | ၂၈ | |
၆ | ၂၀၁၇-၂၀၁၈ | ၅၄ | |
၇ | ၂၀၁၈-၂၀၁၉ | ၇၇ | |
စုစုေပါင်း | ၂၄၄ |
စဉ် | သင်တန်းအမည် | အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လက်မှတ်ရဦးရေ |
မှတ်ချက် |
၁ | အခြေခံမြေတိုင်းသင်တန်း | ၂၈ | |
၂ | အိမ်တွင်းလျှပ်စစ်ပြုပြင်ကျွမ်းကျင်မှုသင်တန်း | ၁၅၇ | |
၃ | အခြေခံကွန်ပျူတာသင်တန်း | ၂၁၂ | |
၄ | အခြေခံအုတ်စီသင်တန်း | ၇ | |
၅ | ဂေဟဆက်သင်တန်း | ၁၁ | |
၆ | Basic Auto CAD သင်တန်း | ၉၀ | |
၇ | တလုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းမှုသင်တန်း | ၆၁ | |
၈ | အခြေခံအင်္ဂလိပ်စကားပြောသင်တန်း | ၁၁ | |
၉ | အခြေခံအီလက်ထရောနစ်သင်တန်း | ၅ | |
၁၀ |
ဘက်စုံသုံးဆပ်ပြာဆီ၊ဆပ်ပြာခဲ၊လက်သန့်ဆေးရည် အလှဖယောင်းတိုင်ပြုလုပ်နည်းသင်တန်း |
၁၈ | |
၁၁ | Industrial Motor Control Training | ၁၈ | |
၁၂ | PCB Marking Training | ၁၃ | |
စုစုပေါင်း | ၆၈၀ |
အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၏ တောင်ဘက် (၁.၅)မိုင် ခန့်အကွာ၊ ဇီးဖြူကုန်းရပ်ကွက်၊ အကွက်အမှတ်(၃)၊ ဓါတ်ပေါင်းစုစေတီအနီးတွင် တည်ရှိပါ သည်။ ကျောင်း၏အကျယ်အဝန်းမှာ (၆၆.၇၅)ဧက ကျယ်ဝန်းပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ခန္တီး)နှင့် ပူးတွဲဖွင့်လှစ်ထားပါသည်။
ခန္တီးခရိုင်အတွင်းရှိ ဆောက်လုပ်ရေးဝန်ြကီဌာနလက်အောက်ရှိဦးစီးဌာနများနှင့်၎င်း၊လျှပ်စစ်နှင့် စွမ်းအင်ဝန်းြကီးဌာနအောက်ရှိဦးစီးဌာနများနှင့်၎င်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်၊၊
- ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းရှိအင်ဂျင်နီယာသုံး စက်ပစ္စည်းများအား ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်ဆောင်ရွက်မှု ဖြင့် ကူညီဆောင်ရွက်ပေးခြင်း
- ဒေသအတွင်း၌ e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သော နည်းပညာနှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း
- ဒေသအတွင်းရှိ လူငယ်၊ လူရွယ်များ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပိုမိုသိရှိနားလည်နိုင်ရေးအတွက် ေဟာြေပာပွဲများ၊ ကျောင်းသို့ကြည့်ရှုလေ့လာနိုင်ရေး သက်ဆိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း
- စာကြည့်တိုက်တွင် ခေတ်နှင့်အညီဖြစ်ပေါ်လာသော ပညာရပ်များ လေ့လာဖတ်ရှုနိုင် အောင် စာအုပ်များ ဖြည့်တင်းဆောင်ရွက်ပေးခြင်း
- ကျောင်းသား၊ ကျောင်းသူတိုင်း အခြေခံကွန်ပျူတာနှင့် ကွန်ပျူတာကိုအသုံးပြု၍ အင်ဂျင်နီယာဆိုင်ရာပညာရပ်များ လက်တွေ့လေ့ကျင့်ဆောင်ရွက်နိုင်အောင် ကွန်ပျူ တာနှင့်ဆက်စပ်ပစ္စည်းများ ဖြည့်တင်းဆောင်ရွက်ပေးခြင်း
- ကျောင်းသား၊ ကျောင်းသူတိုင်း လက်တွေ့လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်အောင် နှစ်စဥ်လက်တွေ့စက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းပေးြခင်း
(က)AGTI အထူးအောင်မြင်သူများအား နည်းပညာတက္ကသိုလ်များသို့ တက် ရောက်ခွင့် ရရှိမည် ဖြစ်ပါသည်။
(ခ)A.G.T.I(Year III)သင်တန်း တက်ရောက်အောင်မြင်ပြီးပါက အလုပ်အကိုင်များရရှိစေရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၊ ပြင်ပလုပ်ငန်းရှင် များနှင့်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
စဉ် | သင်တန်းနှစ် | ကျား | မ | စုစုပေါင်း |
၁ | AGTI Year I | ၁၀၇ | ၅၂ | ၁၅၉ |
၂ | AGTI Year II | ၉၂ | ၃၆ | ၁၂၈ |
၃ | AGTI Year III | ၆၀ | ၄၉ | ၁၀၉ |
စုစုပေါင်း | ၂၅၉ | ၁၃၇ | ၃၉၆ |
စဥ် | သင်တန်းအမည် | ဆရာ/ဆရာမ အရေအတွက် |
၁ | မြို့ပြအင်ဂျင်နီယာသင်တန်း | ၁၁ |
၂ | လျှပ်စစဆက်သွယ်ရေးအင်ဂျင်နီယာသင်တန်း | ၇ |
၃ | လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း | ၇ |
၄ | စက်မှုစွမ်းအားအင်ဂျင်နီယာသင်တန်း | ၉ |
၅ | IT | ၁ |
၆ | စာပေဌာန | ၁၀ |
စုစုပေါင်း | ၄၅ |
ကျောင်းသား/သူများအနေဖြင့် ဦးစီးဌာနမှ ခေါ်ယူသော Scholarship ဆိုင်ရာအခွင့်အလမ်းများ ကို သတ်မှတ်များနှင့်ကိုက်ညီလျှင်ဝင်ရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်ပါသည်။