အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)
အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)
အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)ကိုယခင်ကွန်ပျူတာတက္ကသိုလ်(မကွေး)ကျောင်းမြေနေရာနှင့် အဆောက်အဦများကိုအသုံးပြုပြီး (၂၆.၁.၂၀၁၅)နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)အဖြစ်စတင်ဖွင့်လှစ်ခဲ့ပါသည်။
Mission:
၁။ ပညာရပ်ဆိုင်ရာပတ်ဝန်းကျင်ကောင်းတစ်ခုတွင် ထူးချွန်ထက်မြက်သောနည်းပညာနှင့် သက်မွေးပညာရှင်များ ကျွမ်းကျင်သော Skill Labourများမွေးထုတ်ပေးရန်။
၂။ အရည်အသွေးမြင့်မားသည့် ပညာရေးဝန်ထမ်းများဖြင့် ပြုစုပျိုးထောင်ရန်။
၃။ စဥ်ဆက်မပျက်သင်ယူနိုင်သောပတ်ဝန်းကျင်စနစ်ဖန်တီးပေးရန်။
၄။ သင်ကြားရေး၊သုတေသနနှင့် စက်မှုကဏ္ဍ ၊စီးပွားရေးကဏ္ဍများကိုပိုမိုချိတ်ဆက်ရန်။
၅။ ဒေသတွင်းရှိ TVET Sector များအခြားဝန်ကြီးဌာနအောက်ရှိ TVET ကျောင်းများ၊အာဆီယံနိုင်ငံများရှိ Institute များ ၊ Polytechnic Center များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရန်။
(Vision):
အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)ကိုပထမအဆင့်အနေဖြင့် လာမည့်(၂၀၂၀)ကာလတိုစီမံချက်တွင်ဒေသတွင်းရှေးယခင်ကဖွင့်လှစ်သင်ကြားပေးလျက်ရှိသောကျောင်းများနှင့်အဆင့်မီစေရန်၊ ဒုတိယအဆင့်တွင် လာမည့်(၂၀၂၅)ပညာသင်နှစ်တွင် အာဆီယံနိုင်ငံများရှိ Institute များ ၊ Polytechnic Center များနှင့် အဆင့်မီစေရန်ဖြစ်ပါသည်။
၀၉-၇၉၆၀၃၆၇၀၀၊ဖက်(စ်)နံပါတ်-၀၆၃-၂၈၃၂၆၊ gtimgy@dtve.org
New Email: gtimgy@dtve.org
ယခင်ကျောင်းအုပ်ကြီး၏အမည်များ၊ ဒေါက်တာထိန်းဝင်း(ပူးတွဲ-TU(မကွေး))၊ ဦးခင်မောင်ညွှန့်၊ဒေါက်တာနန်းမိုးမိုးကြည်
လက်ရှိကျောင်းအုပ်ကြီး၏အမည်၊ ဒေါက်တာမိုးကျော်သူ
ဒု-ကျောင်းအုပ်အမည်၊ ဒေါက်တာနန်းမိုးမိုးကြည်
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အောင်မြင်စွာမွေးထုတ်ပေးခဲ့သောကျောင်းသား/သူစာရင်း
စဥ် | အတန်း | ကျား | မ | စုစုပေါင်း |
၁ | မြို့ပြအင်ဂျင်နီယာ | ၂၀ | ၆ | ၂၆ |
၂ | အီလက်ထေရာနစ်အင်ဂျင်နီယာ | ၈ | ၆ | ၁၄ |
၃ | လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ | ၁၈ | ၉ | ၂၇ |
၄ | စက်မှုအင်ဂျင်နီယာ | ၁၀ | ၄ | ၁၄ |
စုစုပေါင်း | ၅၆ | ၂၅ | ၈၁ |
ကာလတိုသင်တန်းများအလိုက် နှစ်စဉ်မွေးထုတ်ခဲ့ပြီးသော သင်တန်းသားများ စာရင်း
စဉ် | ကာလတိုသင်တန်းအမည် | စုစုပေါင်းဦးရေ |
၁ | အခြေခံအိမ်တွင်းမီးကြိုးသွယ်တန်းခြင်း | ၂၇ |
၂ | တစ်လုံးထိုးအင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်း | ၂၂ |
၃ | အုတ်စီနှင့်လက်သမား | ၁၆ |
၄ | ကွန်ပျူတာအခြေခံ | ၆၈ |
၅ | မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်း | ၁၅ |
၆ | အခြေခံအင်္ဂလိပ်စကားပြောသင်တန်း | ၁၀ |
၇ | အခြေခံသံဂဟေဆက်နည်းသင်တန်း | ၁၉ |
၈ | Auto CAD သင်တန်း | ၁၅ |
၉ | သံချည်၊သံကွေးသင်တန်း | ၁၂ |
အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ မကွေးမြို့၏ အနောက်မြောက်ထောင့်၊ မြသလွန်စေတီအရှေ့ဘက်၊ ကံကော် တစ်ထောင်ဘုရား၏အရှေ့တောင်ဘက်၊ မြို့ရှောင်လမ်းဘေးတွင်တည်ရှိ၍ ဗိုလ်ချုပ်လမ်းနှင့်နတ်မောက်လမ်းဆုံမှလာလျှင်(၁)မိုင်(၅)ဖာလုံကွာဝေးပြီးအကျယ်အဝန်းအားဖြင့် (၃၆.၆၂)ဧကခန့်ရှိပါသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊မကွေးမြို့ HELVETAS(MYANMAR)
ကျောင်းသား/သူများအားစာတွေ့လက်တွေ့ပုံမှန်သင်ကြားပေးခြင်း၊ နိုင်ငံတော်မှ ကျောင်းသား (၁)ဦးလျှင် (၁)လလျှင်ငွေကျပ်(၃)သောင်းပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း။
ကျောင်းသား/သူများလက်တွေ့လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိလာစေရန် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များထံသို့ (၁)လလျှင်(၂)ကြိမ် လက်တွေ့လုပ်ငန်းကွင်းဆင်းလေ့လာရေးသွားရောက်၍ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ လက်တွေ့လုပ်ငန်းခွင်များနှင့် ရင်းနှီးကျွမ်းကျင်မှုရရှိစေပြီးကျောင်းပြီးဆုံးသောအချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည်ဖြစ်ပါသည်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ် A-G.T.I ပထမနှစ် ကျောင်းသား/ကျောင်းသူများစာရင်း
စဥ် | အတန်း | ကျား | မ | စုစုပေါင်း |
၁ | မြို့ပြအင်ဂျင်နီယာ | ၃၉ | ၁၉ | ၅၈ |
၂ | အီလက်ထေရာနစ်အင်ဂျင်နီယာ | ၂၄ | ၁၇ | ၄၁ |
၃ | လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ | ၂၈ | ၁၆ | ၄၄ |
၄ | စက်မှုအင်ဂျင်နီယာ | ၄၆ | ၆ | ၅၂ |
စုစုပေါင်း | ၁၃၇ | ၅၈ | ၁၉၅ |
၂၀၁၇-၂၀၁၈ ပညာသင်နှစ် A-G.T.I တတိယနှစ် ကျောင်းသား/ကျောင်းသူများစာရင်း
စဥ် | အတန်း | ကျား | မ | စုစုပေါင်း |
၁ | မြို့ပြအင်ဂျင်နီယာ | ၂၁ | ၁၆ | ၃၇ |
၂ | အီလက်ထေရာနစ်အင်ဂျင်နီယာ | ၁၇ | ၁၃ | ၃၀ |
၃ | လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ | ၂၃ | ၇ | ၃၀ |
၄ | စက်မှုအင်ဂျင်နီယာ | ၃၁ | - | ၃၁ |
စုစုပေါင်း | ၉၂ | ၃၆ | ၁၂၈ |
ဆရာ၊ဆရာမစုစုပေါင်း-၇၅ယောက်
ဦးစီးဌာန၏ ညွှန်ကြားချက်များအရတရုတ်ပြည်သူ့သမ္မတနိုင်ငံရှိကျောင်းများသို့ သက်မွေးပညာရပ်ဆိုင်ရာသင်တန်းများပညာတော်သင်စေလွှတ်ခြင်းA.G.T.I(တတိယ)နှစ် ပြီးဆုံး၍ သင်တန်းထူးချွန်စွာအောင်မြင်သူစုစုပေါင်းအထူးပြုဘာသာရပ်အလိုက်တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူများဖြစ်သောရာခိုင်နှုန်းအားဖြင့်(၁၀)ရာခိုင်နှုန်း၊ ပျမ်းမျှ(၇၅)မှတ်နှင့်အထက်ရရှိသူများကိုအဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိနည်းပညာတက္ကသိုလ်များ၏ တတိယနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ရရှိခြင်း။