အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)
အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)
အင်းစိန် စက်မှုလက်မှုသိပ္ပံ ၏ ကနဦးအစ စက်မှုလက်မှုပညာသင်ကျောင်း Government Engineering School အဖြစ် ၁၈၉၅ ခုနှစ်၊ဧပြီလ(၁)ရက် နေ့တွင်ရန်ကုန်မြို့ လမ်းမတော် ဘူတာရုံ အနောက် ဘက် တွင် စတင်ဖွင့်လှစ်ခဲ့သည်။
၁၈၉၈ ခုနှစ်တွင် အဆိုပါ နေရာမှ အင်းစိန်ဘူတာ အရှေ့ဘက်သို့ နေရာပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ပြီး ထိုစဥ်က Government School of Engineering ဟု ခေါ်ဆိုခဲ့သည်။
၁၉၀၈ ခုနှစ်တွင် အင်းစိန် ရွာမ ရှိ ယခုလက်ရှိ နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး Government School of Engineering and Technical High School ဟု ခေါ်ဆိုခဲ့ပါသည်။ ၎င်းနေရာသို့ မပြောင်းရွှေ့မီကပင် Main Building မှာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။
၁၉၁၂ ခုနှစ်မှစ၍ ယနေ့ထိ Government Technical Institute (GTI) ဟုပြောင်းလဲ ခေါ်ဆိုခဲ့ပါသည်။
၁၉၉၅-၁၉၉၆ ခုနှစ်ဒုတိယနှစ်သင်တန်းများအား သန်လျင် GTI သို့ပြောင်းရွှေ့ သင်ကြား ခဲ့ကြရသည် ဟု မှတ်တမ်းများအရ သိရှိရပါသည်။
၂၀၀၇ ခုနှစ်တွင် YCDC သို့လွှဲပြောင်းပေးခဲ့ရပြီး (၉.၉.၂၀၁၆) ရက်နေ့တွင် YCDC ထံမှ ပညာရေးဝန် ကြီး ဌာန လက်အောက်သို့ ပြန်လည်လွှဲပြောင်းယူခဲ့ပြီး (၁.၁၂.၂၀၁၇)ရက်နေ့တွင် ပထမနှစ် သင်တန်းများအား ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
နိုင်ငံတော်အတွင်း တိုင်းနှင့် ပြည်နယ်ဒေသအသီးသီးရှိ လူငယ် ၊ လူရွယ်များအတွက် အသက်မွေး၀မ်းကျောင်းပြုနိုင်သည့် အတတ်ပညာများလေ့ကျင့်သင်ကြားပေးနိုင်ရန် နှင့် ဒေသ အတွင်းစက်မှုပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ ဖြိုးတိုးတက်လေ့ကျင့်မွေးထုတ် ပေးနိုင်ရန်တို့ဖြစ်ပါသည်။
ကျောင်းဖုန်း- ၀၉-၄၄၃၉၇၃၆၀၆/၆၀၇/၆၀၈
ကျောင်းအုပ်ကြီးဖုန်း- ၀၉-၄၀၁၀၈၄၀၉၃
အီးမေးလ်လိပ်စာ- gtiisn@dtve.org
ဦးမြတ်ကို၊ ME(Electronics) ၊ တွဲဖက်ပါမောက္ခ(လက်ရှိကျောင်းအုပ်ကြီး)
တာဝန်ထမ်းဆောင်ခဲ့သောကျောင်းအုပ်ကြီးများ(၁၈၉၅ မှ ၂၀၀၇ ထိ)
စဥ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ |
၁ | Mr.Brown | (၁-၄-၁၈၉၅) မှ (၁၈၉၈ )အထိ | |
၂ | Mr.F.H.O’s Conner Mitchell | (၁၈၉၈) မှ (၁၉၁၂) အထိ | |
၃ | Mr.A.P.Morris | (၁၉၁၂) မှ (၁၉၃၀) အထိ | |
၄ | Mr Shall | (၁၉၃၀) မှ (၁၉၃၆) အထိ | |
၅ | ဦးဘလှီ | MSc(London) | (၁၉၃၆) မှ (၁၉၅၀) အထိ |
(Mr.T.Bahli) | D.I.C,BE(Civil) | ||
၆ | ဦးဘရှင် | (၂၄.၄.၁၉၅၀ ) မှ (၈.၈.၁၉၅၂) အထိ | |
၇ | ဦးအန့်ခင် | (၈.၈.၁၉၅၂) မှ (၂၀.၇.၁၉၅၃) အထိ | |
၈ | ဦးမောင်ကြီး | (၂၀.၇.၁၉၅၃) မှ (၂.၈.၁၉၅၄) အထိ | |
၉ | ဦးအန့်ခင် | (၂.၈.၁၉၅၄) မှ (၁၉.၁၀.၁၉၅၆) အထိ | |
၁၀ | ဦးမြသန်း | (၁၉.၁၀.၁၉၅၆) မှ (၁၉၅၉) အထိ | |
၁၁ | ဦးစိုးမောင် | (၁၉၅၉) မှ (၁၉၇၂) အထိ | |
၁၂ | ဦးအုန်းမောင် | (၁၆.၂.၁၉၇၃) မှ (၁၉၇၇) အထိ | |
၁၃ | ဦးမြင့်ဆွေ | (၁၉၇၇) မှ (၁၉၉၀) အထိ | |
၁၄ | ဦးညွန့်မောင် | (၁၉၉၀) မှ (၁၉၉၁) အထိ | |
၁၅ | ဦးသိန်းဇံ | (၁၉၉၁) မှ (၁၉၉၃) အထိ | |
၁၆ | ဦးအောင်ဝင်း | (၁၉၉၃) မှ(၁၉၉၅) အထိ | |
၁၇ | ဦးမြင့်အောင် | (၁၉၉၅) မှ ( ၂၀၀၀ ) အထိ | |
၁၈ | ဒေါ်သိန်းသိန်းရီ | (၂၀၀၀) မှ(၂၀၀၂) အထိ | |
၁၉ | ဦးစိုးမြင့် | (၂၀၀၂) မှ(၂၀၀၆) အထိ | |
၂၀ | ဦးအောင်မိုး | (၂၀၀၆) မှ ( ၂၀၀၇ ) အထိ | |
၂၁ | ဦးမြတ်ကို | M.E(Electronic) | (၁.၁၂.၂၀၁၇ မှ ယနေ့ထိ) |
ဖွင့်လှစ်ပြီး ကာလတို သင်တန်းများ နှင့် သင်တန်းသား ဉီးရေ
စဉ် | သင်တန်းအမည်နှင့်အမှတ်စဉ် | သင်တန်းသားဦးရေ | ||
ကျား | မ | စုစုပေါင်း | ||
၁ | အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း သင်တန်း အမှတ်စဉ် (၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)၊(၇)၊(၁/၂၀၂၀) | ၁၁၃ | ၃၉ | ၁၅၂ |
၂ | စက်ရုံပိုင်းဆိုင်ရာ စက်ကိရိယာများ ထိန်းချုပ် တပ်ဆင်ခြင်း သင်တန်း အမှတ်စဉ် (၁) | ၃ | ၁၇ | ၂၀ |
၃ | ကွန်ပျူတာ အခြေခံ သင်တန်း အမှတ်စဉ် (၁) ၊ (၂) ၊ (၁/၂၀၂၀) | ၂၀ | ၂၆ | ၄၆ |
၄ | Programmable Logic Control (Basic Hardware Installtion and Basic Programming) အမှတ်စဉ် (၁) | ၈ | ၁၂ | ၂၀ |
၅ | Programmable Logic Control ( Advanced Hardware Installtion and Basic Programming) အမှတ်စဉ် (၁) | ၈ | ၁၂ | ၂၀ |
၆ | Operation of CNC Lathe Machine 808D အမှတ်စဉ် (၁)၊ (၂) | ၃၃ | ၇ | ၄၀ |
၇ | Operation of CNC Milling Machine 808D အမှတ်စဉ် (၁)၊ (၂) | ၂၇ | ၁၂ | ၃၉ |
၈ | Auto CAD (2D,3D) သင်တန်း အမှတ်စဉ် (၁) | ၃၀ | ၈ | ၃၈ |
၉ | Auto CAD သင်တန်း အမှတ်စဉ် (၁) ၊ အမှတ်စဉ် (၁/ ၂၀၂၀) | ၂၆ | ၈ | ၃၄ |
၁၀ | Basic Industrial Wiring အမှတ်စဉ် (၁) | ၁၆ | ၄ | ၂၀ |
၁၁ | Pneumatic, Electro Pneumatic and Hydraulic သင်တန်း အမှတ်စဉ် (၁/ ၂၀၂၀) | ၁၇ | ၁ | ၁၈ |
၁၂ |
အိမ်တွင်း လက်မှု လူသုံးကုန် ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ခြင်း နည်းပညာ သင်တန်း အမှတ်စဉ် (၁/ ၂၀၂၀)၊
အမှတ်စဉ် (၂/ ၂၀၂၀)
|
၇ | ၃၂ | ၃၉ |
၁၃ | Basic Electronic Application Training Course အမှတ်စဉ် (၁/ ၂၀၂၀) | ၉ | ၁၁ | ၂၀ |
စုစုပေါင်း | ၃၁၇ | ၁၈၉ | ၅၀၆ |
အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)သည် ၄၁.၉၉၇ ဧက ကျယ်ဝန်းပြီး ရန်ကုန်တိုင်း ဒေသ ကြီး အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက် တွင်တည်ရှိပါသည်။ အရေှ့ဘက်တွင် သီရိလမ်းသွယ် ၊ အနောက်ဘက်တွင် အောက်မင်္ဂလာဒုံလမ်းမကြီး နှင့် ရွာမရဲစခန်း၊ မြောက်ဘက်တွင် အထည်ချုပ် စက်ရုံ၊ စွတ်ကျယ်စက်ရုံ နှင့်တောင်ဘက်တွင် မင်းကြီးလမ်း နှင့် ဘိုကုန်းစျေး ရှိပါသည်။
GIZ, KFW, SCANIA
အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှ လစဉ် ပညာသင်ထောက်ပံ့ကြေးအား ကျောင်းသား(၁) ဦးလျှင် (၁)လ(၃၀၀၀၀/-)ထောက်ပံ့ပေးပါသည်။ ပညာသင်ယူနေစဉ်အတွင်း လက်တွေ့ကျွမ်းကျင် မှုလုပ်ငန်းအတွေ့အကြုံရရှိစေရန် သက်ဆိုင်ရာသင်တန်းအလိုက် ပုဂ္ဂလိက လုပ်ငန်းအချို့တွင် ဝင်ရောက်လေ့လာသင်ယူနိုင်စေရေးအတွက်လည်း ဆောင်ရွက်ပေးပါသည်။
ကျောင်းပြီးဆုံးပါက အထူးအောင်မြင်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဆက်လက် ပညာသင်ကြားခွင့်ရရှိပြီး ရိုးရိုးအောင်မြင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များ ရရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်း အချို့နှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ေပးပါသည်။
A.G.T.I ဒီပလိုမာ ပုံမှန်သင်တန်း ကျောင်းသားအင်အား (၂၀၁၉-၂၀၂၀) ပညာသင်နှစ်
စဉ် | သင်တန်းနှစ် | ဘာသာရပ် | ကျား | မ | စုစုပေါင်း |
၁ | ပထမနှစ် | Civil Engineering | ၄၂ | ၁၀ | ၅၂ |
၂ | Electronic Engineering | ၃၉ | ၁၃ | ၅၂ | |
၃ | Electrical Power Engineering | ၄၁ | ၅ | ၄၆ | |
၄ | Mechanical Engineering | ၄၀ | ၃ | ၄၃ | |
၅ | Industrial Engineering | ၄၀ | ၆ | ၄၆ | |
၆ | Information Technology | ၃၈ | ၁၄ | ၅၂ | |
စုစုပေါင်း | ၂၄၀ | ၅၁ | ၂၉၁ |
စဉ် | သင်တန်းနှစ် | ဘာသာရပ် | ကျား | မ | စုစုပေါင်း |
၁ | ဒုတိယနှစ် | Civil Engineering | ၂၅ | ၁၅ | ၄၀ |
၂ | Electronic Engineering | ၃၀ | ၆ | ၃၆ | |
၃ | Electrical Power Engineering | ၃၃ | ၁၀ | ၄၃ | |
၄ | Mechanical Engineering | ၃၆ | ၃ | ၃၉ | |
၅ | Industrial Engineering | ၃၀ | ၉ | ၃၉ | |
၆ | Information Technology | ၁၇ | ၁၇ | ၃၄ | |
စုစုပေါင်း | ၁၇၁ | ၆၀ | ၂၃၁ |
စဉ် | သင်တန်းနှစ် | ဘာသာရပ် | ကျား | မ | စုစုပေါင်း |
၁ | တတိယနှစ် | Civil Engineering | ၂၇ | ၉ | ၃၆ |
၂ | Electronic Engineering | ၂၆ | ၇ | ၃၃ | |
၃ | Electrical Power Engineering | ၃၄ | ၃ | ၃၇ | |
၄ | Mechanical Engineering | ၂၈ | ၂ | ၃၀ | |
၅ | Industrial Engineering | ၂၉ | ၆ | ၃၅ | |
စုစုပေါင်း | ၁၄၄ | ၂၇ | ၁၇၁ | ||
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား/သူ စုစုပေါင်း |
၅၅၅ | ၁၃၈ | ၆၉၃ |
A.G.T.I ဒီပလိုမာ ညနေပိုင်းသင်တန်း ကျောင်းသားအင်အား (၂၀၁၉-၂၀၂၀) ပညာသင်နှစ်
စဉ် | သင်တန်းနှစ် | ဘာသာရပ် | ကျား | မ | စုစုပေါင်း |
၁ | ပထမနှစ် | Civil Engineering | ၂၂ | ၁၀ | ၃၂ |
၂ | Electronic Engineering | ၂၃ | ၁၀ | ၃၃ | |
၃ | Electrical Power Engineering | ၂၅ | ၄ | ၂၉ | |
၄ | Mechanical Engineering | ၃၁ | ၁ | ၃၂ | |
စုစုပေါင်း | ၁၀၁ | ၂၅ | ၁၂၆ |
စဉ် | သင်တန်းနှစ် | ဘာသာရပ် | ကျား | မ | စုစုပေါင်း |
၁ | ဒုတိယနှစ် | Civil Engineering | ၁၅ | ၈ | ၂၃ |
၂ | Electronic Engineering | ၇ | ၃ | ၁၀ | |
၃ | Electrical Power Engineering | ၁၂ | ၄ | ၁၆ | |
၄ | Mechanical Engineering | ၂၂ | ၃ | ၂၅ | |
စုစုပေါင်း | ၅၆ | ၁၈ | ၇၄ | ||
ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား/သူ စုစုပေါင်း | ၁၅၇ | ၄၃ | ၂၀၀ |
စဉ် | ဘာသာရပ် | ဆရာဦးရေ | မှတ်ချက် |
၁ | Civil Engineering | ၁၁ | |
၂ | Electronic Engineering | ၁၇ | |
၃ | Electrical Power Engineering | ၁၄ | |
၄ | Mechanical Engineering | ၁၃ | |
၅ | Industrial Engineering | ၆ | |
၆ | Information Technology | ၈ | |
၇ | Academic | ၂၄ | |
Total | ၉၃ |
ပညာသင်ဆုနှင့်ပတ်သက်၍ ဦးစီးဌာနနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း များမှ ကမ်းလှမ်းလာသည့် ပညာသင်ဆုများအား လျှောက်ထားရယူနိုင်ပါသည်။