အစိုးရနည်းပညာကောလိပ်(မိုးညှင်း)
အစိုးရနည်းပညာကောလိပ်(မိုးညှင်း)
အစိုးရနည်းပညာကောလိပ်(မိုးညှင်း)အား ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် အစိုးရ စက်မှုလက်မှုသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက် နေ့မှစ၍ အစိုးရနည်းပညာကောလိပ်(မိုးညှင်း)အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။
အစိုးရနည်းပညာကောလိပ်(မိုးညှင်း)ကျောင်း၏ ပညာရေးရည်မှန်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်၊၊
(က) ဒေသတွင်းရှိ တက္ကသိုလ်စာမေးပွဲဝင်ခွင့် အောင်မြင်သူများမှ အဆင့်မှီသူတိုင်း အင်ဂျင်နီယာပညာရပ်များကို မိမိဒေသတွင်း၌ပင် လေ့လာသင်ယူနိုင်စေရန်
(ခ) ခေတ်နှင့်လျော်ညီစွာ ဖြစ်ပေါ်လာသော အင်ဂျင်နီယာနည်းပညာရပ်များအား သင်ကြားပေးနိုင်ရန်
(ဂ) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် အကျိုးပြုနိုင်သော အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာကောင်းများ မွေးထုတ်ပေးနိုင်ရန်
(ဃ) အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် ပေးရန်နှင့် မွေးထုတ်ပေးရန်
အစိုးရနည်းပညာကောလိပ်(မိုးညှင်း) အနေဖြင့် အင်ဂျင်နီယာ လုပ်ငန်းများတွင် အခြေခံကျသော၊ လက်တွေ့ကျွမ်းကျင်တတ်မြောက်သော Mechanic များ၊ Operator များ အစရှိသည့် A.G.T.I Diploma လက်မှတ်ရ လက်တွေ့ကျွမ်းကျင်တတ်မြောက်သော အငယ်တန်းအင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန်ပင် ဖြစ်ပါသည်၊၊
လက်ရှိဖွင့်လှစ်ထားသည့် သင်တန်းများမှာ (၁)မြို့ပြအင်ဂျင်နီယာသင်တန်း (၂)အီလက်ထရွန်းနစ် အင်ဂျင်နီယာသင်တန်း (၃) လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း (၄) စက်မှုအင်ဂျင်နီယာ နှင့် (၅) သုတနည်းပညာအင်ဂျင်နီယာ သင်တန်းတို့ ဖြစ်ပါသည်၊၊
(ဖုန်း) ၀၉-၂၅၆၀၇၆၀၇၉/၀၇၄-၆၀၂၄၀, (Fax)မရှိပါ, (Email) mohnyingtc@gmail.com, (New Mail) gtcmnn@dtve.org
စဥ် | အမည် | ရာထူး | ကျောင်းအုပ်ကြီးတာဝန် | |
ထမ်းဆောင်ခဲ့သောကာလ | ||||
မှ | ထိ | |||
၁ | ဦးမောင်မောင်သန့် | ကထိက | ၅.၁၂.၂၀၀၃ | ၅.၅.၂၀၀၄ |
၂ | ဦးမောင်မောင်သက်နိုင်ထွန်း | ကထိက | ၆.၅.၂၀၀၄ | ၁၃.၂.၂၀၀၅ |
၃ | ဦးမင်းမင်းထွန်း | ကထိက | ၁၄.၂.၂၀၀၅ | ၃၀.၆.၂၀၀၇ |
၄ | ဒေါက်တာရိုဆန် | ဒု-ညွှန်မှူး | ၁.၇.၂၀၀၇ | ၁.၁၀.၂၀၀၈ |
၅ | ဒေါက်တာနေဝင်းဇော် | ဒု-ညွှန်မှူး | ၂.၁၀.၂၀၀၈ | ၃.၆.၂၀၀၉ |
၆ | ဒေါက်တာမြင့်သိန်း | ဒု-ညွှန်မှူး | ၄.၆.၂၀၀၉ | ၂၇.၁၂.၂၀၀၉ |
၇ | ဒေါက်တာစိုးမိုးဦး | ဒု-ညွှန်မှူး | ၂၈.၁၂.၂၀၀၉ | ၁၆.၇.၂၀၁၂ |
၈ | ဒေါက်တာဖြိုးမြင့်သူ | ညွှန်ကြားရေးမှူး | ၁၇.၇.၂၀၁၂ | ၁၉.၂.၂၀၁၈ |
၉ | ဒေါက်တာကျော့ကျော့ရီ | ညွှန်ကြားရေးမှူး | ၂၀.၂.၂၀၁၈ | ယနေ့ထိ |
ပညာသင်နှစ်အလိုက် မွေးထုတ်ခဲ့ပြီးသော ပုံမှန်သင်တန်းသားများစာရင်း |
စဉ် | ပညာသင်နှစ် | M.E | B.E | B.Tech | A.G.T.I | စုစုပေါင်း |
၁ | 2004-05 | - | - | - | ၈၅ | ၈၅ |
၂ | 2005-06 | - | - | - | ၇၉ | ၇၉ |
၃ | 2006-07 | - | - | ၄၇ | ၅၄ | ၁၀၁ |
၄ | 2007-08 | - | ၂၉ | ၄၁ | ၁၁၈ | ၁၈၈ |
၅ | 2008-09 | - | ၄၅ | ၄၄ | ၁၅၉ | ၂၄၈ |
၆ | 2009-10 | - | ၃၉ | ၉၂ | ၁၈၄ | ၃၁၅ |
၇ | 2010-11 | - | ၅၁ | ၉၁ | ၁၉၂ | ၃၃၄ |
၈ | 2011-12 | - | ၉၇ | ၁၁၆ | ၁၉၄ | ၄၀၇ |
၉ | 2012-13 | - | ၈၇ | ၁၆၂ | ၂၄၉ | |
၁၀ | 2013-2014 | - | ၁၃၃ | ၁၄၃ | - | ၂၇၆ |
၁၁ | 2014-2015 | - | ၇၉ | ၂၀၂ | - | ၂၈၁ |
၁၂ | 2015-2016 | - | ၁၇၉ | ၂၂၇ | ၃၂ | ၄၃၈ |
၁၃ | 2016-2017 | - | - | - | ၃၂ | ၃၂ |
၁၄ | 2017-2018 | ၉၁ | ၉၁ | |||
စုစုပေါင်း | - | ၇၃၉ | ၁၁၆၅ | ၁၂၂၀ | ၃၁၂၄ |
သင်တန်းကာလအပတ်စဉ်အလိုက် မွေးထုတ်ခဲ့ပြီးသော ကာလတိုသင်တန်းသား/သူများစာရင်း |
စဉ် | သင်တန်းအမည် | သင်တန်းကာလ | သင်တန်းဆင်းဦးရေ | ||
ကျား | မ | ပေါင်း | |||
၁ | Theodolite Surveying | 5 | 5 | 10 | |
22.6.2015 to 6.8.2015 | |||||
၂ | Basic Electronics Course | 20.6.2015 to 22.8.2015 | 4 | 4 | 8 |
၃ | Wiring Installation | 20.6.2015 to 29.8.2015 | - | 10 | 10 |
၄ | Basic Computer Course | 22.6.2015 to 31.7.2015 | - | 10 | 10 |
၅ | Basic Computer Course | 1.7.2016 to 31.7.2016 | 2 | 18 | 20 |
၆ | Basic Computer Course | 28.1.2017 to 4.3.2017 | 17 | 26 | 43 |
၇ | Basic Computer Course | 12.6.2017 to 9.7.2017 | 7 | 14 | 21 |
၈ | Surveying | 17.2. 2018 to 11.3. 2018 | 12 | 7 | 19 |
၉ | Arduino | 17.2. 2018 to 11.3. 2018 | 20 | 5 | 25 |
၁၀ | Wiring | 17.2. 2018 to 11.3. 2018 | 11 | 2 | 13 |
၁၁ | Basic Computer Course | 17.2. 2018 to 11.3. 2018 | 7 | 14 | 21 |
၁၂ | Basic Excel ( Mobile ) | 9.6.2018 to 8.7.2018 | 7 | 14 | 21 |
Total | 92 | 129 | 221 |
အစိုးရနည်းပညာကောလိပ်(မိုးညှင်း)ကျောင်းသည် (၅၁.၃၉၉)ဧကကျယ်ဝန်းပြီး ကချင် ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်(၃)အနီးတွင် တည်ရှိပါသည်။
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်အောက်တွင် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။
A.G.T.I သင်တန်းတက်ရောက်နေသော ကျောင်းသား/သူများအား (၁) လလျှင် (၃၀၀၀၀)ကျပ် ပညာသင်ထောက်ပံ့ကြေး လစဥ်ပေးအပ်ပါသည်။
ကျောင်းပြီးဆုံးပါက အစိုးရဌာနဆိုင်ရာများတွင်လည်းကောင်း၊ ပုဂ္ဂလိက ကုမ္ပဏီ များတွင်လည်းကောင်း အလုပ်လျှောက်ထားပြီး ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။
စဥ် | အတန်း | ကျား | မ | စုစုပေါင်း |
၁ | A.G.T.I Year I | ၁၆၄ | ၆၉ | ၂၃၃ |
၂ | A.G.T.I Year II | ၉၁ | ၇၁ | ၁၆၂ |
၃ | A.G.T.I Year III | ၆၂ | ၃၆ | ၉၈ |
၄ | VB.E | ၈၄ | ၃၆ | ၁၂၀ |
စုစုပေါင်း | ၄၀၁ | ၂၁၂ | ၆၁၃ |
စဥ် | ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများစာရင်း | စုစုပေါင်း | |||||
Civil | EC | EP | Mech | IT | Acad: | ||
၁ | ၁၀ | ၁၁ | ၉ | ၁၁ | ၁၀ | ၁၇ | ၆၈ |
ကျောင်းတက်ရောက်နေစဥ်အတွင်း ပြည်တွင်းပြည်ပနိုင်ငံအသီးသီးမှ ခေါ်ယူသော Scholarship များအား လျှောက်ထားနိုင်ပါသည်။