အစိုးရနည်းပညာအထက်တန်းကျောင်း(ခန္တီး)
အစိုးရနည်းပညာအထက်တန်းကျောင်း(ခန္တီး)
အစိုးရနည်းပညာအထက်တန်းကျောင်း(ခန္တီး)ကို ၂၀၀၉ခုနှစ်၊ ဇွန်လ(၃)ရက်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်သည့် ၂၀၀၉ခုနှစ်တွင် ပေါမိုင်းရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းဆောင်(၁)ဆောင်၌ ယာယီကျောင်းဆောင်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၉ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ဇီးဖြူကုန်းရပ်ကွက် အတွင်းရှိ ဆောက်လုပ်ပြီး ကျောင်း ဆောင်သစ်များသို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။
နိုင်ငံတော်အတွင်း တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးတွင် လူငယ်၊လူရွယ်များမှ အခြေခံပညာ အထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များ လေ့လာသင်ကြားခွင့်ရရှိစေရန်၊ လူငယ်၊ လူရွယ် များအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြား ပေးနိုင်ရန်နှင့် ဒေသအတွင်း စက်မှုပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ဖွံ့ဖြိုးလေ့ကျင့်မွေးထုတ် ပေးနိုင်ရန်တို့ ဖြစ်ပါသည်။
၀၉-၈၉၇၆၅၃၃၇၅
Email; gthskti@dtve.org
ဦးစိုးလွင်(ခေတ္တကျောင်းအုပ်ကြီး)(၂၆.၅.၂၀၀၀၉ မှ ၁၆.၁၂.၂၀၁၃ထိ)
ဦးစိုးမိုးနိုင်(ခေတ္တကျောင်းအုပ်ကြီး)(၁၆.၁၂.၂၀၁၃ မှ၂၇.၄.၂၀၁၅ထိ)
ဒေါက်တာမန်လုံး(ခေတ္တကျောင်းအုပ်ကြီး)(၂၂.၄.၂၀၁၅ မှ ၁.၅.၂၀၁၈ထိ)
ဒေါက်တာထွန်းကျော်မြင့်(၁.၅.၂၀၁၈ မှ ယနေ့ထိ)
(က)ပုံမှန်(၂နှစ်)သင်တန်း မွေးထုတ်ပြီးစာရင်း
စဥ် | ဘာသာရပ် | ပညာသင်နှစ် | စုစုပေါင်း | |||||||
၂၀၁၀- ၂၀၁၁ | ၂၀၁၁-၂၀၁၂ | ၂၀၁၂-၂၀၁၃ | ၂၀၁၃-၂၀၁၄ | ၂၀၁၄-၂၀၁၅ | ၂၀၁၅-၂၀၁၆ | ၂၀၁၆-၂၀၁၇ | ၂၀၁၇-၂၀၁၈ | |||
၁ | အဆောက်အဦး နည်းပညာသင်တန်း | ၂၃ | ၃ | ၂ | _ | _ | ၇ | ၁၁ | ၁၆ | ၆၂ |
၂ | အီလက်ထရောနစ် နည်းပညာသင်တန်း | ၁၆ | _ | _ | _ | _ | ၄ | ၁ | ၁၀ | ၃၁ |
၃ | ေမာ်တော်ယာဥ် နည်းပညာသင်တန်း | ၁၀ | _ | ၁ | _ | _ | ၄ | ၂ | ၁၁ | ၂၈ |
၄ | လျှပ်စစ်နည်းပညာသင်တန်း | _ | _ | _ | _ | _ | _ | _ | ၉ | ၉ |
စုစုပေါင်း | ၄၉ | ၃ | ၃ | _ | _ | ၁၅ | ၁၄ | ၄၆ | ၁၃၀ |
(ခ) ကာလတိုသင်တန်း မွေးထုတ်ပြီးစာရင်း
စဥ် | ဘာသာရပ် | ဘဏ္ဍာရေးနှစ် | |||
၂၀၁၅- | ၂၀၁၆- | ၂၀၁၇- | စုစု | ||
၂၀၁၆ | ၂၀၁၇ | ၂၀၁၈ | ပေါင်း | ||
၁ | အခြေခံကွန်ပျူတာသင်တန်း | ၃၅ | _ | _ | ၃၅ |
၂ | အခြေခံမြေတိုင်းသင်တန်း | ၈ | _ | _ | ၈ |
၃ | အခြေခံအုတ်စီသင်တန်း | ၇ | _ | _ | ၇ |
၄ | အိမ်တွင်းလျှပ်စစ်ပြုပြင် | ၄၉ | ၁၉ | ၁၁ | ၇၉ |
ကျွမ်းကျင်မှုသင်တန်း | |||||
၅ | ဂဟေဆက်သင်တန်း | ၅ | ၆ | _ | ၁၁ |
၆ | အြေခခံAuto CAD | _ | ၃၇ | ၃၈ | ၇၅ |
သင်တန်း | |||||
စုစုပေါင်း | ၁၀၄ | ၆၂ | ၄၉ | ၂၁၅ |
အစိုးရနည်းပညာအထက်တန်းကျောင်း(ခန္တီး)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၏ တောင်ဘက် (၁.၅)မိုင် ခန့်အကွာ၊ ဇီးဖြူကုန်းရပ်ကွက်၊ အကွက်အမှတ်(၃)၊ ဓါတ်ပေါင်းစုစေတီအနီးတွင် တည်ရှိပါသည်။ ကျောင်း၏အကျယ်အဝန်းမှာ (၆၆.၇၅)ဧက ကျယ်ဝန်းပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ခန္တီး)နှင့် ပူးတွဲဖွင့်လှစ်ထားပါသည်။
ခန္တီးခရိုင်အတွင်းရှိ ဆောက်လုပ်ရေးဝန်ြကီဌာနလက်အောက်ရှိဦးစီးဌာနများ၊လျှပ်စစ်နှင့် စွမ်းအင် ဝန်းြကီးဌာနအောက်ရှိဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်၊၊
- ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းရှိအင်ဂျင်နီယာသုံး စက်ပစ္စည်းများအား ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်ဆောင်ရွက်မှု ဖြင့် ကူညီဆောင်ရွက်ပေးခြင်း
- ဒေသအတွင်း၌ e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သော နည်းပညာနှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း
- ဒေသအတွင်းရှိ လူငယ်၊ လူရွယ်များ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပိုမိုသိရှိနားလည်နိုင်ရေးအတွက် ေဟာြေပာပွဲများ၊ ကျောင်းသို့ကြည့်ရှုလေ့လာနိုင်ရေး သက်ဆိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း
- စာကြည့်တိုက်တွင် ခေတ်နှင့်အညီဖြစ်ပေါ်လာသော ပညာရပ်များ လေ့လာဖတ်ရှုနိုင် အောင် စာအုပ်များ ဖြည့်တင်းဆောင်ရွက်ပေးခြင်း
- ကျောင်းသား၊ ကျောင်းသူတိုင်း အခြေခံကွန်ပျူတာနှင့် ကွန်ပျူတာကိုအသုံးပြု၍ အင်ဂျင်နီယာဆိုင်ရာပညာရပ်များ လက်တွေ့လေ့ကျင့်ဆောင်ရွက်နိုင်အောင် ကွန်ပျူ တာနှင့်ဆက်စပ်ပစ္စည်းများ ဖြည့်တင်းဆောင်ရွက်ပေးခြင်း
- ကျောင်းသား၊ ကျောင်းသူတိုင်း လက်တွေ့လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်အောင် နှစ်စဥ်လက်တွေ့စက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းပေးြခင်း
အစိုးရနည်းပညာအထက်တန်းကျောင်းဒုတိယနှစ်သင်တန်းကိုထူးချွန်စွာအောင်မြင်ပါက အစိုးရ နည်းပညာအထက်တန်းကျောင်းပြီးမြောက်ကြောင်းလက်မှတ်နှင့်AGTIပထမနှစ်သို့တက်ရောက်ခွင့်ရရှိ မည် ြဖစ်ပြီး ရိုးရိုးအောင်မြင်ပါက အစိုးရနည်းပညာအထက်တန်းကျောင်းပြီးမြောက်ကြောင်းလက်မှတ်နှင့် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုခွင့် တို့ရရှိမည်ဖြစ်ပါသည်။
စဥ် | သင်တန်းနှစ် | ကျား | မ | ပေါင်း |
၁ | ပထမနှစ် | ၁၉ | ၆ | ၂၅ |
၂ | ဒုတိယနှစ် | ၂၉ | ၂၈ | ၅၇ |
စုစုပေါင်း | ၄၈ | ၃၄ | ၈၂ |
စဥ် | ဘာသာရပ် | ဆရာ/ဆရာမ |
အရေအတွက် | ||
၁ | အဆောက်အဦးနည်းပညာဌာန | ၈ |
၂ | အီလက်ထရောနစ်နည်းပညာဌာန | ၆ |
၃ | ေမာ်တော်ယာဥ်နည်းပညာဌာန | ၄ |
၄ | လျှပ်စစ်နည်းပညာဌာန | ၅ |
၅ | သုတနည်းပညာဌာန | ၁ |
၆ | စာပေဌာန | ၈ |
စုစုပေါင်း | ၃၂ |
ကျောင်းသား၊သူများအနေဖြင့် ဦးစီးဌာနမှခေါ်ယူသော Scholarship ဆိုင်ရာအခွင့်အလမ်းများကို သတ်မှတ်ချက်များနှင့် အညီဝင်ရောက်ဖြေဆိုခွင့် ရရှိမည်ဖြစ်ပါသည်၊