အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)
အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)
(၁) ကျောင်းစတင်ဖွင့်လှစ်သည့်နေ့
အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)ကို ၅-၅-၂၀၀၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
(၂) ကျောင်းဖွဲ့စည်းတည်ဆောက်ပုံ
အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)တွင်(၁၂၀ပေx၂၃၀ပေx၁၀ပေ)စာသင် ဆောင်(၁)ဆောင်၊(၁၂၀ပေx၆၀ပေx၁၀ပေ)စာသင်ဆောင်(၂)ဆောင်၊(၁၂၀ပေx၂၄ပေx၁၀ပေ) စာသင်ဆောင်(၁)ဆောင်၊(၁၉၅ပေx၅၁ပေx၁၄ပေ)Work Shop ဆောင်(၁)ဆောင်၊(၁၁၀ပေx ၃၅ပေx၁၇ပေ) (၃၀ပေx၂၇ပေx၁၇ပေ)Open Shelter (၁)ဆောင်၊(၈၀ပေx၆၀ပေx၁၇ပေ) Open Shelter (၁)ဆောင် ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။
(၃) တည်နေရာ၊အကျယ်အဝန်း
အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)သည် သုခသိဒိ္ဂရပ်ကွက်၊ဇဗ္ဗူသီရိမြို့နယ် ၊နေပြည်တော် တွင်တည်ရှိပါသည်။အကျယ်အဝန်းမှာ ဧရိယာ(၄.၅)ဧကခန့်ရှိပါသည်။
(၄) နောက်ခံသမိုင်းအချက်အလက်များ
အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)ကို ၂၀၀၉ခုနှစ်၊မေလ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်၊ဤကျောင်းမြေနေရာတွင် မူလတန်းလွန်ကျောင်း အဖြစ် ဖွင့်လှစ်ရန် ရည်ရွယ်ကာဆောက်လုပ်ခဲ့ပြီး ၄င်းအစား သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (ယခုပညာရေးဝန်ကြီး ဌာန)မှ လွဲပြောင်းလက်ခံခဲ့ ပြီးဖွင့်လှစ်ခဲ့ပါသည်။
နိုင်ငံတော်အတွင်း တိုင်းနှင့်ပြည်နယ်ဒေသအသီးသီးတွင် လူငယ်၊လူရွယ်များမှ အခြေခံ ပညာ အထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များ လေ့လာသင်ကြားခွင့်ရရှိစေရန်၊ နှစ်ရှည်ပညာ သင်ကြားနိုင်ခြင်းမရှိသည့်လူငယ်၊ လူရွယ်များအတွက် ကာလတိုအတွင်း အသက်မွေးဝမ်းကျောင်း ပြု့လုပ်နိုင်သည့် အတတ်ပညာများလေ့ကျင့် သင်ကြားပေးနိုင်ရန်နှင့် ဒေသအတွင်းလိုအပ်ချက်အရ ကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ဖွံ့ဖြိုးလေ့ကျင့်မွေးထုတ်ပေးနိုင်ရန် အလုပ်အကိုင် အခွင့်အလမ်းရရှိရန်တို့ ဖြစ်ပါသည်။
ကျောင်းဖုန်းနံပါတ် ၀၆၇-၄၀၁၄၂၅၊ ၀၆၇-၄၀၁၄၂၆
ဖက်(စ်)နံပါတ် ၀၆၇-၄၀၁၄၂၆
အီးမေးလ်းလိပ်စာ gthsnpw@dtve.org
စဥ် အမည် ပညာအရည်အချင်း တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
(၁) ဦးကြည်ဌေး B.E (Mechanical) ၅-၅-၂၀၀၉ မှ ၁၈-၅-၂၀၀၉ ထိ
(၂) ဦးကြည်ဝင်း A.G.T.I (Machine Tool) ၁၉-၅-၂၀၀၉ မှ ၈-၁၂-၂၀၁၁ ထိ
(၃) ဦးဝင်းမော်ထွန်း B.E (Mechanical) ၉ - ၁၂-၂၀၁၁ မှ ၁၈-၁၂-၂၀၁၁ ထိ
(၄) ဦးသက်လွင်တိုး M.E (Mechanical) ၁၉-၁၂-၂၀၁၁ မှ ၁၅-၅-၂၀၁၈
(၅) ဦးညိုချော M.E (Mechanical) ၁၈-၅-၂၀၁၈ မှ ယနေ့အထိ
-----------------
အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)သည် သုခသိဒိ္ဂရပ်ကွက်၊ဇဗ္ဗူသီရိမြို့နယ် ၊နေပြည်တော် တွင်တည်ရှိပါသည်။အကျယ်အဝန်းမှာ ဧရိယာ(၄.၅)ဧကခန့်ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)သည် အခြားသောဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ စက်မှုဝန်ကြီးဌာနတို့နှင့် TVET ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် ကာလတိုသင်တန်းများဖွင့်လှစ်ခြင်းတိုကိုဆောင်ရွက်ပါသည်။ ဒေသအာဏာပိုင်များနှင့်ပူးပေါင်း၍်လည်း ကာလတိုသင်တန်းများ ဖွင့်လှစ်လျက်ရှိပါသည်။ Asia Development Bank နှင့် ပူးပေါင်းပြီးကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပြီးဖြစ်ပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)မှ ကျောင်းသား/သူများအားတစ်ဦးလျှင် (၃၀၀၀၀ိ/-)ကို နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လစဥ် ပံ့ပိုးပေးပါသည်။
ကျောင်းသား/သူများအား လုပ်ငန်းခွင်အန္တရာယ်ကင်းစင်းစေရန် းကို အပတ်စဥ် ဗုဒ္ဓဟူးနေ့ တိုင်းအောက်ဖေါ်ပြပါပညာပေးဟောပြောပွဲများပြုလုပ်ပေးပါသည်-
(၁)လုပ်ငန်းခွင် Safety ဆိုင်ရာ ပညာပေးဟောပွဲ
(၂)သဘာဝဘေးအန္တရာယ်ပညာပေးေဟာပြောပွဲ
(၃)မီးဘေးအန္တရာယ်
(၄)ယာဥ်စည်းကမ်းလမ်းစည်းကမ်း၊
(၅)ဆေးရွက်ကြီးနှင့်မူးယစ်ဆေးကင်စင်ရေး၊
(၆)လူကုန်ကူးမှုပပြောက်ရေးအသိပညာပေးဟောပြောပွဲ
(၇)ရာဇဝတ်မှုလျှောနည်းပပြောက်ရေး
(၈)ကြက်ခြေနီဆိုင်ရာဟောပြောပွဲ
(၉)ယဥ်ကျေးလိမ္မာသင်တန်း
ဒုတိယနှစ်အောင်မြင်ပြီး ကျောင်းသား/သူများကို အလုပ်အကိုင်ရရှိစေရေးအတွက် အသိပေး အကြောင်း ကြားခြင်း၊ပြင်ပလုပ်ငန်းများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်းကိုဆောင်ရွက်ပေး ပါသည်။
ကျောင်းပြီးဆုံးပါက GTHS အောင်လက်မှတ်ဖြင့် အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းများတွင်အလုပ်ဝင် ရောက်နိုင်ပြီး အထူးအောင်မြင်ပြီးဆက်လက်ပညာသင်ကြားလိုသူများအတွက် ပထမနှစ်AGTI သင်တန်းကို တက်ရောက်ခွင့် ရရှိပါမည်။
ပုံမှန်သင်တန်းများ
သင်တန်း | ပထမနှစ် | ဒုတိယနှစ် | မှတ်ချက် | ||||
ကျား | မ | ေပါင်း | ကျား | မ | ေပါင်း | ||
Building Technology | 18 | 7 | 25 | 14 | 9 | 23 | |
Electrical Technology | 25 | 2 | 27 | 18 | 3 | 21 | |
Electronics Technology | 22 | 4 | 26 | 20 | 1 | 21 | |
Auto Mechanics Technology | 24 | - | 24 | 22 | - | 22 | |
Information Technology | 17 | 10 | 27 | 10 | 4 | 14 | |
Machining Technology | 21 | 3 | 24 | 16 | - | 16 | |
Refrigeration and Air Conditioning Technology | 26 | - | 26 | 8 | - | 8 | |
စုစုပေါင်း | 153 | 26 | 179 | 108 | 17 | 125 | |
179 | 125 |
ကာလတိုသင်တန်းများ
စဥ် | သင်တန်းကာလ | သင်တန်းအမည် | သင်တန်းသားဦးရေ | မှတ်ချက် | ||
ကျား | မ | ပေါင်း | ||||
၁ | (၂၆.၅.၂၀၁၈) မှ (၂၈.၇.၂၀၁၈) | အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းြခင်းသင်တန်း | ၁၇ | - | ၁၇ | |
၂ | (၂၆.၅.၂၀၁၈) မှ (၂၈.၇.၂၀၁၈) | အခြေခံကွန်ပျူတာသင်တန်း | ၁၀ | ၂၀ | ၃၀ | |
စုစုပေါင်း | ၂၇ | ၂၀ | ၄၇ | |||
စဥ် | ဌာနအမည် | ကျား | မ | ေပါင်း |
၁ | Building Technology | ၃ | ၆ | ၉ |
၂ | Electrical Technology | ၁ | ၇ | ၈ |
၃ | Electronics Technology | ၁ | ၆ | ၇ |
၄ | Auto Mechanics Technology | ၂ | ၆ | ၈ |
၅ | Information Technology | ၁ | ၄ | ၅ |
၆ | Machining Technology | ၃ | ၄ | ၇ |
၇ | Refrigeration and Air Conditioning Technology | - | ၅ | ၅ |
၈ | Academic | ၁ | ၁၃ | ၁၄ |
စုစုပေါင်း | ၁၂ | ၅၁ | ၆၃ |
GTHS တက်ရောက်ဆဲနှင့်အောင်မြင်ပြီးကျောင်းသား/သူများအတွက် TVETဆိုင်ရာ Scholarship အခွင့်အလမ်းများကို ဦးစီးဌာနမှဆက်သွယ်ဆောင်ရွက်ပေးပါသည်။ယခုလက်ရှိတွင် တရုပ်ပြည်သူသမ္မတနိုင်ငံတွင်တက်ရောက်နေသူများလည်းရှိပါသည်။