အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)
အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) ကို ၂၀၀၉ ခုနှစ် ၊ မေလ (၅) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။
နိုင်ငံတော်အတွင်းတိုင်းဒေသကြီး နှင့် ပြည်နယ်ဒေသအသီးသီးတွင် လူငယ်လူရွယ်များကို အခြေခံပညာအထက်တန်းအဆင့်မှာပင် နည်းပညာနှင့်သက်မွေးပညာဘာသာရပ်များ လေ့လာသင်ကြား ခွင့်ရရှိစေရန်၊ လူငယ်လူရွယ်များအတွက် အသက်မွေး၀မ်းကျောင်း ပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်ရန် နှင့် ဒေသအတွင်းစက်မှုပညာကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ် များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် တို့ဖြစ်ပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၏ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များမှာ ကျောင်း ဖုန်း ၀၅၈-၂၂၂၈၂ ၊ ၀၉ ၇၉၄၂၄၂၂၉၃ နှင့်အီးမေးလ်လိပ်စာ gthshpn@dtve.org တို့ဖြစ်ပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင်(၁၀.၄.၂၀၁၅)မှယနေ့အထိ ကျောင်းအုပ်ကြီး အဖြစ် ဒေါက်တာချိုယုမွန် ၊ Ph.D ( Chemical ) ၊ ပါမောက္ခ မှ တာ၀န်ယူဆောင်ရွက်လျက်ရှိပါသည်။
-
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) သည် စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ (၈.၁၂၃)ဧက ကျယ်ဝန်းပြီး ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်တောင်၏ မြောက်ဘက် (၄) မိုင် အကွာ ၊ နည်းပညာတက္ကသိုလ်(ဘားအံ) နှင့် ကပ်ရပ်တည်ရှိပြီး၊ ကျောင်းရှေ့မျက်နှာချင်းဆိုင်တွင် စိုက်ပျိုးရေး သိပ္ပံ(ဇွဲကပင်) နှင့် ရဲသာကျေးရွာအနီးတွင် တည်ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့ အစည်းများမှာ ADRA – Myanmar ၊ Norwegian Refugee Council နှင့် Swisscontact တို့ဖြစ်ကြပါသည်။
ပုံမှန်(၂)နှစ်ကျောင်းသား၊ကျောင်းသူများအား တစ်လလျှင် ပညာသင်ထောက်ပံ့ကြေး သုံးသောင်း ကျပ်စီထောက်ပံ့ပေးခြင်း၊ ကာလတိုသင်တန်းသားများအတွက် တစ်နေ့လျှင် နှစ်ထောင်ကျပ်စီ ထောက်ပံ့ ပေးခြင်းနှင့် အလုပ်သင်ကာလများတွင် ကာလတိုသင်တန်းသား၊သင်တန်းသူ များအား တစ်ဦးလျှင် နေ့တွက်စရိတ် ၃၀၀၀ကျပ်စီထောက်ပံ့ပေးပါသည်။ ပညာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား စုံလင်စွာဖြင့် ဖြည့်ဆည်းပေးထားပါသည်။ ဆရာ၊ဆရာမများအား ပြည်တွင်းသင်တန်းများ သာမက နွေရာသီကျောင်းပိတ်ရက်များတွင် အာဒရာမြန်မာ၏ ထောက်ပံ့မှုဖြင့် ထိုင်းနိုင်ငံရှိ Technical college များသို့ TOT သင်တန်းများ ၃ပတ်ကြာသင်တန်း သွားရောက်စေလွှတ်နေပါသည်။ အဆင့်မြင့်ဘွဲ့လွန် သင်တန်းများသို့လည်းတက်ရောက်စေ လွှတ်လျှက်ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်ပြီးဆုံးသည့်အခါ ထူးချွန်ကျောင်းသားများ သည် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်ခြင်း၊ စက်ရုံအလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ ကျွမ်းကျင်မှုဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ခြင်း၊ အစိုးရဌာနများတွင် ဝင်ရောက်အမှုထမ်းခြင်းစသည့် မိမိတို့တတ်မြောက်ထားသည့် အတတ်ပညာများဖြင့် ဝင်ရောက်လုပ်ကိုင် နိုင်ပါသည်။ ပြည်တွင်းပြည်ပ ကုမ္ပဏီများမှလည်း အလုပ်အကိုင်လာရောက်ချိတ်ဆက် ဆောင်ရွက်နေပါ သည်။
လက်ရှိတက်ရောက်လျက်ရှိသော သင်တန်းသားဦးရေ (၂နှစ်သင်တန်း)
စဉ် | သင်တန်းအမည် | ကျား | မ | စုစုပေါင်း |
၁ | ပထမနှစ်အဆောက်အဦနည်းပညာသင်တန်း | ၃၄ | ၁၂ | ၄၆ |
၂ | ဒုတိယနှစ်အဆောက်အဦနည်းပညာသင်တန်း | ၃၂ | ၅ | ၃၇ |
၃ | ပထမနှစ်အီလက်ထရောနစ်နည်းပညာသင်တန်း | ၃၁ | ၆ | ၃၇ |
၄ | ဒုတိယနှစ်အီလက်ထရောနစ်နည်းပညာသင်တန်း | ၈ | ၂ | ၁၀ |
၅ | ပထမနှစ်လျှပ်စစ်နည်းပညာသင်တန်း | ၄၀ | ၃ | ၄၃ |
၆ | ဒုတိယနှစ်လျှပ်စစ်နည်းပညာသင်တန်း | ၁၆ | - | ၁၆ |
၇ | ပထမနှစ်မော်တော်ယဉ်နည်းပညာသင်တန်း | ၄၅ | - | ၄၅ |
၈ | ဒုတိယနှစ်မော်တော်ယဉ်နည်းပညာသင်တန်း | ၂၅ | - | ၂၅ |
၉ | ပထမနှစ်စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်း | ၃၄ | - | ၃၄ |
၁၀ | ဒုတိယနှစ်စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်း | ၁၆ | - | ၁၆ |
စုစုပေါင်း | ၂၈၁ | ၂၈ | ၃၀၉ |
လက်ရှိတက်ရောက်နေသောကာလတိုသင်တန်းသား၊သင်တန်းသူများ
(၁) အာဒရာ-မြန်မာနှင့် Norad တို့ ကူညီပံ့ပိုးပေးသည့် ကာလတိုသင်တန်းများ(အပတ်စဥ် ၂/၂၀၁၈)
စဉ် | သင်တန်းအမည် | ကျား | မ | စုစုပေါင်း |
၁ | အခြေခံစက်ချုပ်သင်တန်း | ၂ | ၆၂ | ၆၄ |
၂ | အဆင့်မြင့်မွမ်းမံစက်ချုပ်သင်တန်း | - | ၂၁ | ၂၁ |
၃ | အခြေခံကွန်ပျူတာသင်တန်း | ၇ | ၁၄ | ၂၁ |
၄ | ဂဟေဆက်ခြင်း အတတ်ပညာ သင်တန်း( Arc Welding ) | ၁၈ | - | ၁၈ |
၅ | ဂဟေဆက်ခြင်း အတတ်ပညာ သင်တန်း(Steel Welding ) | ၂၀ | - | ၂၀ |
၆ | အိမ်တွင်းလျှပ်စစ်ဝိုင်ယာသွယ် တန်းခြင်းသင်တန်း | ၂၇ | - | ၂၇ |
၇ | စိုက်ပျိုးရေးသုံးစက်ကိရိယာများ ပြင်ဆင်တပ်ဆင်ခြင်းသင်တန်း | ၂၄ | - | ၂၄ |
၈ | အမျိုးသမီးဆံပင်အလှပြင်သင်တန်း | ၅ | ၂၂ | ၂၇ |
၉ | အမျိုးသားဆံပင်ညှပ်သင်တန်း | ၂၆ | ၃ | ၂၉ |
၁၀ | ဟိုတယ်ဝန်ဆောင်မှုသင်တန်း | ၁၂ | ၁၂ | ၂၄ |
စုစုပေါင်း | ၁၄၁ | ၁၃၄ | ၂၇၅ |
(၂) Norwegian Refugee Council မှဖွင့်လှစ်သော သင်တန်းများ(အပတ်စဥ် ၂/၂၀၁၈)
စဉ် | သင်တန်းအမည် | ကျား | မ | စုစုပေါင်း |
၁ | Motorbike Repair | ၄၀ | - | ၄၀ |
၂ | Dress making | - | ၄၀ | ၄၀ |
စုစုပေါင်း | ၄၀ | ၄၀ | ၈၀ |
စဉ် | ဌာန | ခန့်အပ် | မှတ်ချက် |
အင်အား | |||
၁ | မြန်မာစာ | ၁ | |
၂ | အင်္ဂလိပ်စာ | ၅ | |
၃ | သင်္ချာ | ၂ | |
၄ | ဓါတုဗေဒ | ၂ | |
၅ | ရူပဗေဒ | ၂ | |
၆ | အဆောက်အဦနည်းပညာသင်တန်း | ၅ | |
၇ | လျှပ်စစ်နည်းပညာသင်တန်း | ၇ | |
၈ | အီလက်ထရောနစ်နည်းပညာသင်တန်း | ၅ | |
၉ | မော်တော်ယာဉ် နည်းပညာသင်တန်း | ၈ | နေ့စား(၁) |
၁၀ | စက်ပစ္စည်းအစိတ်အပိုင်းများ | ၇ | နေ့စား(၁) |
ထုတ်လုပ်ခြင်းနည်းပညာသင်တန်း | |||
၁၁ | ကွန်ပျူတာသင်တန်း | ၂ | တစ်ဆင့်မြှင့်သင် တန်း(၁)ဦးတက် ရောက်နေပါ |
သည်။ | |||
၁၂ | စက်ချုပ်သင်တန်း | ၂ | နေ့စား(၂) |
၁၃ | ဟိုတယ်ဝန်ဆောင်မှုသင်တန်း | ၁ | နေ့စား(၁) |
၁၄ | ADRA – Myanmar မှသင်တန်းဆရာ/ဆရာမများ | ၁၅ | |
၁၅ | Norwegian Refugee Council မှသင်တန်း ဆရာ/ဆရာမများ | ၆ | |
စုစုပေါင်း | ၇၀ |
ပြည်တွင်း၊ပြည်ပ ပညာတော်သင်များ ခေါ်ဆိုသည့်အချိန်များတွင် ဝင်ရောက်လျှေက်ထား နိုင်ပါ သည်။