အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)
အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)
အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)ကို ၂၀၁၀ ခုနှစ်၊ ဇွန် လ(၁၄)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ကျောင်းသမိုင်းအကျဥ်း
(က) နောက်ခံသမိုင်း
ကာကွယ်ရေး၀န်ကြီးဌာန၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းသည် သံမဏိစက်ရုံများ တည် ဆောက်၍ နိုင်ငံတော်အတွက် လိုအပ်သည့် သံမဏိထုတ်ကုန်များ ရရှိရေးဆောင်ရွက်လျှက်ရှိရာ အခြေခံကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ် ကျွမ်းကျင်လုပ်သားများ ရရှိရေးအတွက် နိုင်ငံတော်အကြီးအကဲမှ သံမဏိစက်ရုံအနီးတဝိုက်တွင် အစိုးရနည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန်လမ်းညွှန်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)ကို အမှတ်(၃)သံမဏိစက်ရုံ (ရွာမ)ပိုင်မြေ၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ ရွာမဘူတာ အနောက်မြောက်ဘက်ကိုက် (၂၀၀)ခန့် အကွာ၊ ခန့်မှန်းမြေပုံအညွှန်း (L-၄၅၅၅၀၅)တွင်ဆောက်လုပ်ခဲ့ပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ) ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ လူငယ် လူရွယ်များ အခြေခံပညာအထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များ လေ့လာသင်ကြား ခွင့်ရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြားပေးနိုင်ရန် နှင့် ဒေသတွင်းစက်မှုပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ဖွံ့ဖြိုးလေ့ကျင့် မွေးထုတ်ပေးနိုင်ရန်တို့ ဖြစ်ပါသည်။
ဖုန်းနံပါတ် - (ရုံး) ၀၁-၆၄၁၆၉၆
(ကျောင်းအုပ်ကြီးဖုန်း) ၀၉-၂၅၀၃၇၇၁၈၈
ဖက်(စ်)နံပါတ် - ၀၁-၆၄၁၆၉၆
အီးမေးလ်လိပ်စာ - gthsyma@dtve.org
(က) ဦးနေဇာအောင် (၁၄-၆-၂၀၁၀ မှ ၃၁-၇-၂၀၁၁ အထိ)
( ခ ) ဦးမြတ်ကို (၁-၈-၂၀၁၁ မှ ၃၁-၁၀-၂၀၁၇ အထိ)
( ဂ ) ဦးမျိုးသူရ (၁-၁၁-၂၀၁၇ မှ ၂၅-၂-၂၀၁၈ အထိ)
( ဃ) ဒေါက်တာဖြိုးမြင့်သူ (၂၆-၂-၂၀၁၈ မှ ယနေ့အထိ)
ကာလတိုသင်တန်းများဖွင့်လှစ်ပြီးစီးမှုအခြေအနေ (စတင်ဖွင့်လှစ်သည့်အချိန် မှ ဒီဇင်ဘာ၂၀၁၇ထိ)
စဉ် | ဖွင့်လှစ်ပြီး ကာလတိုသင်တန်းများ | |
သင်တန်းအမည် | လူဦးရေ | |
၁ | အိမ်တွင်းလျှပ်စစ်ပြင်ထိန်းသင်တန်း အပတ်စဉ် (၁)မှ(၁၁) အထိ | ၁၁၁ |
၂ | အိမ်တွင်းလျှပ်စစ်ကြိုးသွယ်တန်းခြင်းသင်တန်း အပတ်စဉ် (၁)မှ(၇)အထိ | ၄၃ |
၃ | ဂ ဟေဆက်လုပ်သားသင်တန်း အပတ်စဉ် (၁)မှ(၈) အထိ | ၅၀ |
၄ | တွင်ခုံလုပ်သားသင်တန်း အပတ်စဉ် (၁)မှ (၇)အထိ | ၃၀ |
၅ | မော်တော်ယာဥ်စက်ပြင်သင်တန်း အပတ်စဉ် (၁)မှ(၂)အထိ | ၂၀ |
၆ | အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၁) မှ (၅)အထိ | ၃၃ |
၇ | အုတ်စီကျွမ်းကျင်သင်တန်း အပတ်စဉ် (၁)မှ(၄)အထိ ADBပူးပေါင်းနှင့် အပတ်စဉ် (၁) | ၄၇ |
၈ | သံချည်သံကွေးကျွမ်းကျင်သင်တန်း အပတ်စဉ် (၁)မှ(၄) အထိ ADB ပူးပေါင်း နှင့် အမှတ်စဉ် (၁) | ၄၁ |
၉ | လမ်းခင်းကျွမ်းကျင်သင်တန်း အပတ်စဉ် (၁) မှ(၂)အထိ ADBပူးပေါင်းနှင့် အမှတ်စဉ် (၁) | ၂၃ |
၁၀ | ပုံဆင်၊ပုံရိုက်ကျွမ်းကျင်သင်တန်း အပတ်စဉ် (၁) မှ (၂) ADBပူးပေါင်းနှင့် အမှတ်စဉ် (၁) | ၁၇ |
၁၁ | ရတနာဂဟေဆက်နည်းပညာသင်တန်း အပတ်စဉ် (၁)မှ (၅)အထိ | ၇၂ |
၁၂ | အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၁၃၃) မှ (၁၄၉)အထိ | ၈၀၅ |
စုစုပေါင်း | ၁၂၉၂ |
ကာလတိုသင်တန်းများ ဖွင့်လှစ်ပြီးနှင့် ဖွင့်လှစ်ဆဲ အခြေအနေ (၂၀၁၈ ဇန်နဝါရီ မှ ဒီဇင်ဘာ ၂၀၁၈ အထိ)
စဉ် | သင်တန်းအမည် | လူဦးရေ | မှတ်ချက် |
၁ | အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၁၅၀) မှ (၁၅၆) | ၂၇၉ | ဖွင့်ပြီး |
၂ | အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၁၅၇) | ၆၁ | ဖွင့်ဆဲ |
၃ | ရတနာဂ ဟေဆက်နည်းပညာသင်တန်း အပတ်စဉ် (၆) | ၁၅ | ဖွင့်ပြီး |
၄ | ရတနာဂ ဟေဆက်နည်းပညာသင်တန်း အပတ်စဉ် (၇) | ၁၅ | ဖွင့်ဆဲ |
၅ | လမ်းခင်းကျွမ်းကျင်သင်တန်း | ၉ | ဖွင့်ဆဲ |
၆ | ပုံဆင်ပုံရိုက်ကျွမ်းကျင်သင်တန်း | ၃ | ဖွင့်ဆဲ |
စုစုပေါင်း |
၃၈၂ |
အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်တွင်တည်ရှိပြီး (၂.၃)ဧက ကျယ်၀န်းပါသည်။
ADB, KOICA, GIZ, မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း
၂၀၁၅-၂၀၁၆ပညာသင်နှစ်မှစ၍ ယခုပညာသင်နှစ်အထိ ကျောင်းသားတစ်ဦးလျှင် လစဥ် ပညာသင်ထောက်ပံ့ကြေးငွေ (၃၀၀၀၀ိ/-)အား ထောက်ပံ့ပေးလျက်ရှိပါသည်။
ကျောင်းပြီးဆုံးပါက အစိုးရစက်မှုလက်မှုသိပ္ပံနှင့်အစိုးရနည်းပညာကောလိပ်သို့တက်ရောက် ခွင့်ရှိသည့်အပြင် အထူးအောင်အဆင့်ဖြင့်အောင်မြင်ပါက နည်းပညာတက္ကသိုလ်သို့တက်ရောက်ခွင့် ရှိပါသည်။ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် စက်မှုကျွမ်းကျင်(၅)အဆင့်ဖြင့် အလုပ်ဝင်ရောက် လုပ်ကိုင်နိုင်ပါသည်။
စဉ် | သင်တန်းနှစ် | ဘာသာ | ကျား | မ | ပေါင်း |
၁။ | ပထမနှစ် | MT | ၃၁ | ၃ | ၃၄ |
MPT | ၁၇ | ၉ | ၂၆ | ||
ET | ၂၈ | ၅ | ၃၃ | ||
EcT | ၃၂ | ၄ | ၃၆ | ||
IT | ၂၂ | ၁၅ | ၃၇ | ||
စုစုပေါင်း | ၁၃၀ | ၃၆ | ၁၆၆ | ||
၂။ | ဒုတိယနှစ် | MT | ၂၇ | ၁ | ၂၈ |
MPT | ၂၃ | ၁ | ၂၄ | ||
ET | ၃၀ | ၄ | ၃၄ | ||
EcT | ၂၄ | ၁၀ | ၃၄ | ||
IT | ၂၀ | ၉ | ၂၉ | ||
စုစုပေါင်း | ၁၂၄ | ၂၅ | ၁၄၉ | ||
စုစုပေါင်း | ၂၅၄ | ၆၁ | ၃၁၅ |
စဉ် | ဘာသာရပ် | တွဲဖက် | ကထိက | လ/ထ | နည်းပြ | နည်းပြ/ | ဓါတ်ခွဲ | စုစုပေါင်း |
ပါမောက္ခ | ကထိက | ကြီး | သရုပ်ပြ | ကျွမ်းကျင် | ||||
၁ | MT | ၁ | ၂ | ၈ | - | ၃ | ၂ | ၁၆ |
၂ | MPT | ၁ | - | ၂ | - | ၃ | - | ၆ |
၃ | ET | - | - | ၆ | - | - | ၁ | ၇ |
၄ | EcT | - | ၁ | ၃ | - | ၁ | ၁ | ၆ |
၅ | IT | ၁ | - | ၅ | - | - | - | ၆ |
၆ | Civil | - | - | ၄ | - | ၄ | - | ၈ |
၇ | English | - | ၁ | ၅ | - | ၂ | - | ၈ |
၈ | Maths | - | ၁ | ၂ | - | - | - | ၃ |
၉ | Physics | - | - | ၃ | - | - | - | ၃ |
၁၀ | Chemistry | - | ၁ | ၂ | - | - | - | ၃ |
၁၁ | Myanmar | - | - | ၂ | - | - | - | ၂ |
၁၂ | Textile | - | - | - | - | ၁၅ | - | ၁၅ |
စုစုပေါင်း | ၃ | ၆ | ၄၂ | - | ၂၈ | ၄ | ၈၃ |
ကျောင်းပြီးဆုံးသူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကျောင်းများသို့ သက်မွေးပညာရပ် ဆိုင်ရာသင်တန်းများတက်ရောက်ရန် Scholarship လျှောက်ထားနိုင်ပါသည်။